မနက်ခင်းအစောပိုင်းပင်ဖြစ်သော်လည်း မက်သရူး၏ နံဘေးတွင် မိန်းကလေးများဝိုင်းလျက် ။ သူတို့သည် အငွေ့တထောင်းထောင်းထနေသည့် ကော်ဖီခွက်များကို ဂရုမစိုက်အား ၊ ထိုခွက်များကို အပူခံကာ ကိုင်ထားရင်းနှင့်အာရုံစိုက်မှုများကို မက်သရူးထံ၌သာ ပို့လွှတ်ထားကြသည် ။
" အဲ့တော့ သူက ဘာပြန်ပြောလဲ "
ဆိုဖီယာက ပေါင်မုန့်မီးကင်ကို ကိုက်ထားရင်းနှင့်ပင် စိတ်မရှည်တော့စွာနှင့် သွက်သွက်မေးလေ၏ ။ ဆိုဖီယာ၏ အမေးပြီးဆုံးသွားပြီးနောက် မက်သရူးသည် သူ့ဘေးပတ်လည်မှ မိန်းကလေးအုပ်စု၏ အရောင်တဖိတ်ဖိတ်တောက်နေသည့် မျက်ဝန်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့သည်မို့ ခေါင်းကလေးငုံ့ကာ သူတို့ကြားချင်နေသည့် အဖြေအား နှုတ်ဖျားမှသွန်ချလိုက်ရတော့သည် ။
" သူပြောတာက ကျွန်တော် နေရာတိုင်းမှာ ဆိုးလို့ရတယ် ဒါပေမဲ့ အိပ်ရာပေါ်ရောက်ရင် သူ့စကားကို နားထောင်ပေးတဲ့ "
" အိုး ... ဘုရားရေ "
" Shit !! "
" ောက်ကျိုးနည်း "
စသော စသော အာမေဋိတ်ပေါင်းစုံများက ထမင်းစားခန်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်လျက်ရှိသည့် ဖျော့တော့တော့ နေရောင်ခြည်တန်းများအတွင်း ရောနှောပျံ့နှံ့သွားသည် ။ ထိုမိန်းကလေးများအား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည့် မက်သရူးမှာတော့ ထိုအသံများကြား နားရွက်ဖျားကလေးများ ရဲပတောင်းခတ်သည်အထိ ရှက်သွေးဖြာသွားရသည် ။
ဆိုဖီယာမှာ အဖြေကိုကြားရပြီးနောက် မက်သရူး၏ လက်မောင်းကို တဘုန်းဘုန်းထုကာ မခံမရပ်နိုင်စွာ အော်ဟစ်လေ၏ ။ သူ့အားကြည့်ရသည်မှာ ဖြစ်နိုင်ပါလျှင် အိမ်ကိုပင် တစ်ပတ် ပတ်ပြေးချင်သည့်နှယ် ။ မက်သရူး ညာဘက်မှ ကောင်မလေးကမူ မနက်စောစောစီးစီး အသံသေးအသံကြောင်များ ထုတ်လွှတ်မိတော့မည့် သူ့ပါးစပ်အား လက်နှင့်ဖိပိတ်ကာ သူ့ကိုသူ ထိန်းချုပ်နေရသည် ။ ပါးစပ်ထဲမှ ကော်ဖီများထွက်ကျသည်အထိ တုန့်ပြန်မိသော မိန်းကလေးများလည်းရှိပါ၏ ။ ပွက်လောရိုက်သွားခဲ့သည့် မီးဖိုချောင်ရှိ ဘေစင်အနီးတွင် နေပူဆာလှုံနေသည့် ကြောင်ကလေးချိုကိုမှာ မိန်းကလေးအုပ်စုအား ကြောက်လန့်သည့်နှယ် ထပြေးတော့သည် ။
![](https://img.wattpad.com/cover/340592237-288-k678411.jpg)
YOU ARE READING
Summer Scent
Fanfiction' Share your summer with me ' language - burmese Kim Jiwoong x Seok Matthew