Jin လည်း ထမင်းစားပြီး ဂျောင်ကုခေါ်ထားတာမို့ သူ့အခန်းကိုသွားလိုက်တယ်~ ဒေါက် ~ဒေါက် ~
" ၀င်ခဲ့ရတယ် လော့ ချမထားဘူး "
ဆောဂျင် အထဲ ၀င်လိုက်တော့ အိုး ဘုရားရေ အသက် ၈ နှစ်ပဲရှိတဲ့ ခလေးတစ်ယောက်ရဲ့ အခန်းတဲ့ သပ်ရပ်ပြီး ရှုပ်ပွ နေတာ တစ်ခုမှ မရှိ...
ဗီရိုပေါ်မှာလည်း သူ့အရုပ်လေးတွေနဲ့ ဆုတံဆိပ်တွေ
" ဒါတွေက ဂျောင်ကု ရထားတာလား တော်လိုက်တာ Hyung က ဂျောင်ကုလိုမတော်ဘူး "
" အလာပသလာပ ပြောဖို့ခေါ်တာ မဟုတ်ဘူး ဒီအိမ်မှာ နေမယ်ဆိုရင် ဒီအိမ်အကြောင်း သိရမယ်မလား "
ဂျင် အတွက် ခလေးတစ်ယောက်က လူကြီးစကားတွေ ပြောလို့အံ့သြမိသွားတယ် ...
တကယ်တော့ ဂျောင်ကု ချစ်ဖို့ကောင်းတယ် မျက်လုံး ဝိုင်းဝိုင်း လေးတွေက သမင်မျက်လုံးလေးတွေလိုပဲ
" ပါးနဲ့ မားက အမြဲ ရန်ဖြစ်တယ် အိမ်မှာလည်း အချိန်ပြည့် ရှိမနေကြဘူး ... ဒီက အကို ထင်သလို ပျော်ဖို့ကောင်းမှာတော့မဟုတ်ဘူး "
" ပြီးတော့ အိမ်မှာ ပဲ ဖြစ်ဖြစ် အပြင်ပဲ ဖြစ်ဖြစ် ဘယ်မှာပဲ ဖြစ်နေပါစေ ကျနော့်ကို လာမခေါ်နဲ့
မသိသလိုနေ .."" ဟင် ဘာလို့လည်း ဂျောင်ကု Hyung
က .... "" စကားကို ၂ခါမပြောဘူး အခုပြောစရာရှိတာပြောပြီးပီ စာလုပ်တော့မှာမလို့ ထွက်သွားပေးပါ ."
ဆော့ဂျင်လည်း ဘာမှပြောမနေတော့ပဲ သူ့အခန်းကိုပဲပြန်လိုက်တယ် ...
ဂျောင်ကု သူ့ကို အဲ့လိုတွေ ပြောနေတာ သူလုံး၀စိတ်မဆိုးပါ အထီးကျန်နေတဲ့ သူ့ဘ၀ထဲကို ဖေဖေလေး မေမေလေးနဲ့ ညီလေးတစ်ယောက် ကို ဘုရားကဖန်ဆင်းပေးလိုက်သလိုပဲ သူပျော်ရပါတယ် ....
ဆော့ဂျင်လည်း တခြား ဘာမှ တွေးမနေတော့ပဲ အိပ်လိုက်တယ် မနက်ကျ ကျောင်းပြောင်းဖို့ကိစ္စတွေ ရှိသေးတယ်မလား ..
**********
ဆော့ဂျင် မနက် ၅ နာရီလောက် ထလိုက်တယ် ဘာပဲ ဖြစ်ဖြစ် သူဒီအိမ်က လူတွေ အပေါ် ဂရုစိုက်ပေးရမယ်မလား ....
YOU ARE READING
ချစ်ခြင်းရဲ့ ..... သံယောဇဥ်
Romanceအချစ်မပါပဲ .... ချစ်ခြင်းနဲ့ အစ မပြုခဲ့ပဲ သံယောဇဥ်ဆိုတာ ဖြစ်မလာဘူး မလား 💔💔