Jin ထယ်ယောင်းအိမ်ကို ရောက်တော့ အဒေါ်ကြီးကပြောတယ် ထယ်လေး ကကျောင်းပွဲရှိလို့ နည်းနည်းနောက်ကျ မှာမို့ အခန်းထဲမှာပဲ စောင့်နေဖို့ကို မှာခဲ့တယ်တဲ့
သူလည်း ထယ်ယောင်း အခန်းထဲကို ရောက်တော့ ကျန်ခဲ့တဲ့ မျက်မှန်ကို ရှာလိုက်တော့ အမှိုက်ပုံး ထဲကပြန်တွေ့တယ်
" ဟူးတော်သေးတယ် လွှင့်မပစ်သေးလို့ "
Jin မျက်မှန်လေးကို သေချာသုတ်ပြီး တပ်နေတဲ့ အချိန် ဖုန်းထဲကို ထယ်ယောင်းဆိုတဲ့ နာမည်နဲ့ Message ၀င်လာတယ်
''Jin Hyung ရောက်နေပြီလား ခဏစောင့်အူးနော် ၉နာရီကျော် လောက်ပြန်လာမယ် နော် တဲ့ ´´
'' အင်း ရပါတယ် ကားကို ဖြည်းဖြည်းမောင်း´´ ဆိုတဲ့ message လေး ထယ်ယောင်း ကို ပြန်ပို့ပေးလိုက်ပြီး စာအုပ်ဖတ်နေလိုက်တယ် ...
စာအုပ်ဖတ်ရင်း ခဏကြာတော့အိပ်ပျော်သွားပြန်တယ်
××××××××
"အဟင်းးး နိုးပြီလား အရမ်းအိပ်တာပဲနော်"
ထယ်ယောင်းအသံကြားတော့မှ သူနိုးလာတယ် နာရီ ကြည့်တော့ ၁၀ နာရီ
"အော် ပြန်ရောက်ပြီ လား ထယ်ယောင်းအတွက် မှတ်စုလုပ်လာခဲ့တယ် "
" ကျေးဇူးပါ Hyung အိပ်ချင်သေးရင် ဆက်အိပ်လေ"
" အာ စာသင်လာတာကို ခုနက အတွက် တောင်းပန်ပါတယ်နော် Hyung ထပ်အိပ်ပျော်သွားလို့ "
" ရပါတယ် ကျနော် ဒီအခန်းတွက်လိုက်မယ်နော် "
Jin ထယ်ယောင်းကိုကြည့်လိုက်တော့ မျက်ခုံးတွေ ထူပြီး နှာတံကလည်း ဖြောင့်တန်းနေတယ် ဘေးဘက်ကမြင်ရတာမို့ မေးရိုး ဆိုတာလည်း ထင်းလို့.....
၀တ်ထားသမျှကလည်း အရမ်းမိုက်လွန်းတာမို့ အထက်တန်းကျောင်းသားလို့တောင်ထင်စရာမရှိ ...
ပြီးတော့ သူ့ဖိနပ်စင်ပေါ်က ဖိနပ်လေး ကို သဘောကျနေတာ ဂျောင်ကု လေးနဲ့ဆို အရမ်းလိုက်မှာ ဂျောင်ကုလေးမှာ ဖိနပ်ကောင်းကောင်း မရှိဘူးလေ...
ဒါပေမယ့် သူအခုပိုက်ဆံစုထားတာ ပြည့်ရင် ၀ယ်ပေးဖို့ ဆုံးဖြတ်ပြီးသားမလား.....
YOU ARE READING
ချစ်ခြင်းရဲ့ ..... သံယောဇဥ်
Romanceအချစ်မပါပဲ .... ချစ်ခြင်းနဲ့ အစ မပြုခဲ့ပဲ သံယောဇဥ်ဆိုတာ ဖြစ်မလာဘူး မလား 💔💔