No.11 - ချစ်ခြင်းရဲ့ .... သံယောဇဥ်

485 52 7
                                    

" ဂျောင်ကု ဂျောင်ကု ငါ့ကို ဓာတ်ပုံ ရိုက်ပေးဦး "

စပျစ်ခင်းကို မသွားခင် လမ်းတစ်လျှောက်ရော စပျစ်ခင်းထဲရော နေရာအစုံ ရိုက်လို့မပြီးနိုင်သေးသော ဂျီမင်း ...

Youtube မှာ ရော IG မှာ ရော တင်မလို့တဲ့လေ သူက သရုပ်ဆောင်ကို အရမ်းဝါသနာပါတာ.....

သူကလည်း ကျနော့်လိုပဲ မိဘ ၂ပါးစလုံး မရှိကြတော့ဘူး သူ့အမက ပဲ အလုပ်မှန်သမျှ ဦးစီးနေတာ....


အိမ်မှာအလိုလိုက်ခံထားရတဲ့ သူပေါ့ သူ့အမကလည်း ကနော့်ကို ဂျီမင်းလေးကို ဂရုစိုက်ပေးဖို့ တွေ့တိုင်းခဏခဏ မှာတတ်တယ် ..

ကျနော်လည်း ကျနော်နဲ့ တူတူ ပဲ လို့ခံစားမိတာမို့ သူ့အပေါ် သံယောဇဥ်ဖြစ်နေမိတာ ကျနော့်အတွက် ၂ ယောက်မရှိတဲ့ သူငယ်ချင်းလေးပေါ့....

" အင်း ပြီးပြီးရော့...... "

" အိုးး Perfect ဂျောင်ကု မင်းကလေ စာတင်မဟုတ်ဘူး အကုန်လည်း တော်တာပဲ  "

" ပြီးပြီလားဘယ်ကို သွားရိုက်ဦးမှာလည်း "

" ဘာလည်း စိတ်မရှည်တဲ့ အသံနဲ့ မလုပ်ပေးချင်တော့ဘူးလား  "

"မဟုတ်ပါဘူး ငါအိမ်ရောက်ရင် မင်းရိုက်ထားတာတွေကို Edit ပေးရအူးမှာလေ "

အမှန်တော့ သူအိမ်ပြန်ချင်နေပြီ ကျောင်းပိတ်ရက်လေးပဲ Jin နဲ့တူတူ ရှိရတာ ကျောင်းဖွင့်ရက်တွေဆိုရင်သူကလည်း ကျောင်း ကျူရှင် အချိန် ပိုင်းအလုပ်နဲ့
Hyung ကကျတော့လည်း ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ သူ့ရဲ့ စရိတ်အတွက် ရှာပေးနေရတာ.....

" ဂျောင်ကု .. ...ဂျောင်ကု မင်းကလည်း နာရီ တကြည့်ကြည့်နဲ့ ပြန်ချင်နေမလား ငါ့ကို ဒါလေးထပ်ရိုက်    အ့ ဘုန်း ..."

" ဟာ  ဂျီမင်း ဂျီမင်း "

သူလှမ်းဆွဲလိုက်ပေမယ့် ဂျီမင်းက အရှိန်မထိန်းနိုင်ပဲ ဘေးက မြောင်းထဲ ခြေချော်ကျသွားတယ်....

" မင်းကလည်း မငိုစမ်းပါနဲ့ ရှက်ဖို့ကောင်းတယ် တခြားသူတွေလည်း ပါနေတာကို "

" မင်းဖြစ်တာမှ မဟုတ်တာ ဘယ်သိမလည် နာတယ် ဟီးးဟီးးး "

" ဟာ မငိုနဲ့တော့ လာလာ ငါကုန်းပိုး မယ်  "

ချစ်ခြင်းရဲ့  .....  သံယောဇဥ်  Where stories live. Discover now