No.6 - ချစ်ခြင်းရဲ့ ... သံယောဇဥ်

352 46 3
                                    

ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ Jin က ဘယ်မှ မသွားပေမယ့် ဂျောင်ကုကတော့ အစောထဲက အပြင်ထွက်သွားတာ

" Hello နမ်ဂျွန်းရားး  ည ကျ ငါဘာ၀တ်ရမလည်း မသိလို့ ပြီးတော့ ငါဘယ်ကို လာရမှာလည်း "

Jin တစ်ယောက် ညဘက်  ဟယ်အင်း ရဲ့ နှုတ်ဆက်ပွဲ ကို သွားဖို့ ဗျာများနေခဲ့တယ် 

ပထမက အသားကင်ဆိုင် တခုခု မှာ လုပ်မယ်ပြောပြီး ချက်ချင်း နာမည်ကြီး Bar တစ်ခုမှာ လုပ်မယ်ပြောင်းသွားတော့ ဘာ၀တ်ရမလည်း အကျပ်ရိုက်နေခဲ့တယ်

" ဂျောင်ကု ကလည်း ပြန်မလာသေးဘူး ငါဘာ၀တ်ရမလည်း သူ့ဆီက အကြံ ဥာဏ် တောင်းရမလား လို့ တကယ်ပဲ "

" Jin နေရာတိုင်းဂျောင်ကုပဲ လား Jin ကဘာ၀တ်၀တ် ကြည့်ကောင်းနေမှာပဲ  "

" ဟိုလေ ငါတစ်ခါမှ မသွားဖူးဘူး နမ်ဂျွန်းရ စိတ်ဆိုးမှာစိုးလို့သာ သွားရမှာ  "

Bar တို့ Club တို့ ကို Jin တစ်ခါမှ မသွားဖူးတာ အမှန်ပါ ပထမဆုံးသွားရမှာမို့ စိတ်လှူပ်ရှားနေတာလည်း ပါတယ်လေ သူ Kdrama ထဲမှာကြည့်ဖူးတာက Bar တွေကို သွားရင် အ၀တ်အစား ကောင်းမှ သပ်ရပ်မှ ဖြစ်မှာတဲ့လေ


" ဟူးး တော်ပြီ ရှိတာပဲ ၀တ်တော့မယ် "

" ဘာလုပ်နေတာလည်း "

အသံကြားလို့ ကြည့်လိုက်တော့ သူ့ကိုတံခါးကို မှီ လက်ကို ပိုက်ပြီး ကြည့်နေတဲ့ ဂျောင်ကု

" ဂျောင်ကု လေး Hyung ကို အင်္ကျီရွေးပေးပါအူး "

" ဘာလုပ်ဖို့လည်း "

ဂျောင်ကုမေးလို့ Jin ရှင်းပြလိုက်တော့ 

" သွားမလို့လား အဲ့လိုနေရာက လူတွေရှုပ်တယ် ပြီးတော့ နမ်ဂျွန်းနဲ့ ၂ယောက်ထဲလား "

" ဘယ်ကသာ သူငယ်ချင်းတွေ အကုန်လာမှာ သွားမယ်နော် ပြီးတော့ Hyung တစ်ခါမှ လည်း မရောက်ဖူးလို့ အာ့ ဂျောင်ကု လိုက်ခဲ့ပါလား ....
အသက်မပြည့်လည်း အဲ့ Bar က ဖိတ်စာကဒ်နဲ့ဆို ၀င်လို့ရတယ်တဲ့ အဖော် ခေါ်လာလို့ ရတယ်ပြောတယ်"

" အာ မလိုက်ချင်ဘူး Hyung အသက်ကဖြင့် ၂၀ ဖြစ်နေပြီ ကိုယ့်ဘာသာ မသွားတတ်ဘူးလား  "

ချစ်ခြင်းရဲ့  .....  သံယောဇဥ်  Where stories live. Discover now