No.12 - ချစ်ခြင်းရဲ့ ... သံယောဇဥ်

792 68 10
                                    


ဂျောင်ကု တိုက်ခန်းကိုရောက်တာ့ ဂျီမင်းကို နှိုးမရတာနဲ့ကျောပိုးပြီး အထဲ၀င်လာလိုက်တယ် .....

သူ့အိပ်ယာ ပေါ်မှာ ဂျီမင်းကိုချပေးခဲ့ပြီး Jin ရဲ့ အခန်းကို ဖွင့်ကြည့်တော့လည်း လူကရှိမနေ....

ဖုန်းဆက်နေတော့လည်း လုံး၀ မကိုင် တော့ စိတ်ပူတာပါရောပြီး စိတ်က ပိုတို လာတယ်

၁၀နာရီ ခွဲကျော် ၁၁ နာရီလောက်ရောက်တော့ အရှေ့ကနေ အသံကြားလိုက်တယ်

ဂျောင်ကု တစ်ယောက် Jin ပြန်လာပြီမှန်းသိလို ထိုင်စောင့်နေပေမယ့် အသံသာကြားတာ တော်တော်နဲ့ ၀င်မလာတာမို့ စိတ်မရှည်လို့ တံခါးကို သွားဖွင့်လိုက်တယ်.....

သူ့ Hyung က တံခါးရှေ့မှာ ငုတ်တုတ်ထိုင်ပြီး တံခါးကို တုတ်နဲ့ ထိုးနေတာ  မျက်နှာတစ်ခုလုံး နီရဲလို့....

ပြီးတော့ အရင်င်တစ်ခါကလိုပဲ ဆံပင်ပုံစံ သပ်သပ်ရပ်ရပ်နဲ့ အင်္ကျီ တွေကအစ တောက်ပနေတာ ....

Hyung ဘာတွေ လုပ်လာပြန်ပြီလည်း အခုလည်း ဘယ်သူတွေနဲ့ သောက်လာပြီး မူးလာတာလည်း ....

" Hyung Jin Hyung ထထ အထဲကို ၀င်ရအောင် "

" အာ မ၀င်ဘူး ၀င်ရင် ဂျောင်ကုလေး တွေ့သွားရင် သူက စိတ်ဆိုးလိမ့်မယ် ဒီမှာပဲ နေတော့မယ် "

" ကျစ် မူးရူးပြီးတော့ ပြောချင်ရာ ပြောနေတာ့တာပဲ လာခဲ့ "

ဂျောင်ကု Jin ကို ပွေ့ချီလိုက်ပြီး  Jin ရဲ့ အခန်းထဲ ပို့ပေးလိုက်တယ် ....

" Hyung Jin Hyung ဒီကို ကြည့် ခဏနေအူးနော် "

ဂျောင်ကု Jin ကို ထိုင်ခုံမှာထိုင်ခိုင်းခဲ့ တယ်  Jin အမူးပြေအောင် အအေးသွားဖျော်ပြီး အခန်းထဲ ပြန်၀င်လာတော့ Jin က အိပ်ယာပေါ်မှာ အိပ်နေပြီ....

"  ဟင်းးး Hyung နဲ့ မနက်ကျရင်တော့  ဒီကိစ္စကို ရှင်းပြရမယ်နော်  Hyung ကျနော့ ကို စိတ်ပူအောင် လုပ်တာ တော်တော် များနေပြီ"

သူ့ Hyung ရဲ့ မျက်နှာလေးကို အနီးကပ် အသေးစိပ်ကြည့်ပြီး ..

မျက်နှာရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို
ဖွဖွ လေး လိုက်နမ်းလိုက်တယ် နှုတ်ခမ်းလေးကိုတော့ သူအကြိုက်ဆုံးပေါ့ ....

You've reached the end of published parts.

⏰ Last updated: Oct 13, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်းရဲ့  .....  သံယောဇဥ်  Where stories live. Discover now