လမ်းမလျှောက်နိုင်ဘူး ပြောလို့အပြေးသွားပေမယ့် ဂျောင်ကု ဂျီမင်း ဆီ ရောက်သွားတော့ ဒင်းး မျက်နှာ ကစပ်ဖြဲ ဖြဲ နဲ့ .
" ဂျီမင်း မင်းပြောတော့ စက်ဘီးမှောက်တာဆို မျက်နှာက ဘာဖြစ်နေတာလည်း "
" ဟီးး စက်ဘီးမှောက်တာမှန်တယ် မင်းငါ့ဆီကို ချက်ချင်းရောက်လာလို့ပျော်နေတာ .."
" အပိုမပြောနဲ့ပြန်မယ်လာ "
" ငါ မုန့်စားချင်သေးတယ် လိုက်ပို့ဦးနော် "
" မင်းကလည်း အမျိုးမျိုး "
ဂျောင်ကု အတွက် ဂျီမင်းက တကယ်ကို ခင်ရတဲ့သူတစ်ယောက် ...
သံယောဇဥ်ကြီးတတ်တဲ့ သူ့အတွက် မခင်ရင်လည်း မခင်ဘူး ခင်ပြီ ဆိုရင်လည်း အမြဲ တမ်းပဲ..မုန့်ဆိုင်တန်းဘက်လမ်းလျှောက်တော့လည်း ခြေထောက်နာနေလို့ဆိုပြီး ဂျီမင်း က သူ့လက်ကို တွဲ မှီပြီးလျှောက်ခဲ့သေးတယ်..
ပြီးတော့မှ ဂျီမင်းကို အိမ်ပြန်ပို့ပြီး သူပြန်လာခဲ့တယ် .....
အ်ိမ်ပြန်ရောက်တော့ Jin Hyung ပြန်မရောက်သေးဘူး နာရီကြည့်တော့ ၁၀ နာရီကျော်ပြီ သူပြန်ရောက်သင့် ပြီမလား ..ရပ်ကွက် ထိပ်က Store ဆိုင်မှာ ခေါက်ဆွဲ ပြုတ်စားရင်း Jin ကို စောင့်နေခဲ့တယ် ၁၂ ကျော်တဲ့ အထိ ပြန်မလာသေး ဖုန်းဆက်တော့လည်း မကိုင် နဲ့မို့ စိတ်ပူလာတယ်
ခဏကြာတော့ လမ်းထိပ်နားကို လူ၂ယောက် ရောက်လာတယ် သေချာတာကတော့ မူးနေတဲ့ တစ်ယောက်က Jin ပဲ
ဘေးက ဟိုနေ့က သူမြင်ခဲ့တဲ့ နမ်ဂျွန်းဆိုတဲ့ တစ်ယောက် အဲ့ တစ်ယောက်ရဲ့ မျက်လုံးတွေကို သူဖတ်လို့ရတယ် သူ Jin ကို သဘောကျနေတယ်ဆိုတာ....
သူပို အံ့သြတာက Jin Hyung ပဲ အိမ်က ထွက်သွားတဲ့ ပုံစံနဲ့ လုံး၀ ကွဲထွက်ပြီး ပြင်ဆင်ထားတာ အရမ်းကိုကြည့်ကောင်းနေတယ် ပြီးတော့ မျက်မှန်လည်း ချွတ်ထားသေးတယ်
ဂျောင်ကု စိတ်တိုပြီး Jin တိုက်ခန်းကို မရောက်ခင် သူအရင်ပြန်နှင့်လိုက်တယ်
မကြာပါဘူး Jin အိမ်ထဲဒယိမ်းဒယိုင်နဲ့ ၀င်လာပြီး သူ့ကို ဆက်တိုက်ခေါ်နေတော့တယ်
YOU ARE READING
ချစ်ခြင်းရဲ့ ..... သံယောဇဥ်
Romanceအချစ်မပါပဲ .... ချစ်ခြင်းနဲ့ အစ မပြုခဲ့ပဲ သံယောဇဥ်ဆိုတာ ဖြစ်မလာဘူး မလား 💔💔