Chapter 17

1.7K 172 2
                                    


စူးမီ ရထားလုံးဘေးမှာ အတန်ငယ်ကြာအောင်ရပ်နေခဲ့ပြီး သူမမျက်နှာပေါ်ကရှက်သွေးရဲရဲလေး တဖြေးဖြေးနဲ့ ပြေပျောက်သွားသည်။

သူမအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး နန်းတော်ဂိတ်တံခါးဆီမလျှောက်သွားခင် ကိုယ့်ကိုကိုယ်စိတ်တည်ငြိမ်စေလိုက်သည်။ မျှော်လင့်ထားသလိုပင် မိန်းမစိုးလေးတစ်ယောက်သူမအနားချဉ်းကပ်လာပြီး ကျောင်းကျိုးကတခြားမိန်းမပျိုတွေစောင့်နေကြရသည့် ထိုက်ယွမ်ခန်းမဆောင်ဆီသူမကိုခေါ်သွားပေးဖို့ အကြီးအကဲကညွှန်ကြားခဲ့သည်ဟုဆိုသည်။

" မိန်းမပျိုတွေအားလုံးထိုက်ယွမ်ခန်းမဆောင်ဆီသွားကြတာလား?"
စူးမီ မေးလိုက်သည်။

မိန်းမစိုး‌ကပြုံးပြီး ပြန်ဖြေကြားသည်။
" မဟုတ်ပါဘူး ကျောင်းကျိုးကလာတဲ့မိန်းမပျိုတွေပဲ ထိုက်ယွမ်ခန်းမဆောင်ကိုသွားရတာပါ စိတ်မပူပါနဲ့ မိန်းကလေး ကျွန်တော်အကြီးအကဲရဲ့အမိန့်ကိုသေချာလိုက်နာပါ့မယ်"

" ကျေးဇူးပါ ကုန်းကုန်း"

စူးမီ မေးခွန်းတွေထပ်မမေးတော့ပဲ ကုန်းကုန်းအနောက်ကနေလိုက်လာသည်။ ချင်ယန်ကိုသူမအနည်းငယ်ကြောက်ရွံ့မိတယ်ဆိုပေမဲ့ သူမအလိုအလျောက်သူ့ကိုယုံကြည်နေဆဲပင်။ ချင်ယန်ဝေါယာဉ်ပေါ်ကဆင်းလာသည်ကို ပထမဆုံးမြင်တွေ့ခဲ့စဉ်က တနေ့မှာသူမကသူနဲ့ပတ်သတ်မှုတစ်စုံတစ်ရာ ရှိလာလိမ့်မယ်လို့ တခါမှမတွေးကြည့်မိဖူးပေ။ အခုလက်ရှိတွင် ဒီစိမ်းသက်တဲ့မြို့တော်ကြီးထဲမှာ စူးရှန့်ထက်ပင်သူက သူမကိုပိုယုံကြည်အားကိုးစိတ်ဖြစ်စေသည်။

လမ်းတစ်လျှောက်တွင် တစ်ဖက်တစ်ချက်စီမှာ တော်ဝင်နန်းတော်ကြီး၏အနီနဲ့အဖြူရောင် နံရံကြီးတွေကို မြင်ခဲ့ရသည်။ သူမလက်ဖဝါးပေါ်က မှေးမှိန်ပျောက်ကွယ်နေပြီဖြစ်သည့် အမာရွတ်ကိုစူးမီဖြတ်ခနဲကြည့်လိုက်သည်။ သူမသာရွေးချယ်ခံခဲ့ရရင် အနာဂတ်တွင်ဒီမြင့်မားတဲ့နံရံကြီးတွေရဲ့အတွင်းမှာ သူမနေထိုင်သွား‌ရပေလိမ့်မည်။ အတိတ်တုန်းကတော့ ဒါကိုသူမတစ်ခါမှ အများကြီးမတွေးခဲ့ပေ။ နောက်ဆုံးမှာတော့ လီရှို့ယွမ်နဲ့လက်ထပ်ဖို့ထက် ဒါကိုလုပ်ဖို့ပဲသူမပိုဆန္ဒရှိသည်။

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now