Chapter 50

1K 106 1
                                    

ဒီစကားကြားလိုက်ရတော့ အမျိုးသမီးကြီးရဲ့မျက်နှာမှာ တုန်ယင်နေတဲ့အပြုံးတစ်ခုပွင့်အာလာသည်။ ' လေ့ကျင်သင်ကြားထားတယ်'ဆိုတဲ့သူတွေစီစဥ်ပေးဖို့က သေချာပေါက်သူမကသူ့ကိုကိုယ်တိုင်ကိုယ်ကျ ခစားရမှာဖြစ်သည်။ ဒီလိုတရင်းတနှီးကစားတာမျိုးသည် စိတ်ရှည်သည်းခံမှုအမြောက်အများလိုအပ်သည်။

သူမသည်ချက်ချင်းပင်ပိုမိုယဉ်ကျေးပျူငှာလာပြီး ပြောသည်။

" အိုး သခင်လေးရယ် ကျွန်မနှယ်မေ့တတ်လိုက်ရန်ကော သခင်လေးအထဲဝင်လာတုန်းက မမေးခဲ့မိဘူး သခင်လေးကိုဘယ်လိုခေါ်ဝေါ်ရမလဲ?"

" စူး"

အမျိုးသမီးကြီးသည်ပြုံးရွှင်ပြီး ပြောသည်။

" သခင်လေးစူး ဒါဆိုကျွန်မအောက်ဆင်းသွားပြီး မိန်းကလေးတွေကိုအပေါ်တတ်လာဖို့ပြောလိုက်အုံးမယ် သခင်လေးအကြိုက်နဲ့ကိုက်တဲ့သူကိုရွေးချယ်နိုင်ပါတယ်"

မထွက်သွားခင်တွင် သူမမတတ်နိုင်ပဲအနောက်ပြန်လှည့်ကြည့်လိုက်မိသည်။ ဒီခါးနဲ့ဒီခြေထောက်တွေနဲ့ဆို အနည်းဆုံးတစ်ယောက်နှစ်ယောက်တော့လိုနိုင်လောက်သည်။

ပြည့်တန်ဆာခေါင်းအမျိုးသမီးကြီးတံခါးပိတ်သွားပေးပြီးနောက် အခန်းဘေးပတ်လည်ကအသံတွေသည် အားနည်းတိုးဖျော့သွားခြင်းမရှိပေ။ စူးမီသည်ချင်ယန့်ရင်ဘတ်မှာမှီထားပြီး ခေါင်းလေးမော့၍ခေါ်လိုက်သည်။

" သခင်လေး....ဒါကဘယ်လိုလေ့ကျင်သင်ကြားထားတာမျိုးလဲဟင်?"

စူးမီနှုတ်ဖျားကထွက်လာသည့် 'သခင်လေး'ဆိုတဲ့စကားလုံးသည် နူးညံ့ပျော့ပျောင်းပြီး ချင်ယန့်အကြည့်တွေကိုနက်မှောင်သွားစေသည်။ သူရဲ့ပွေ့ဖက်ထားမှုကိုတင်းကျပ်လိုက်ပြီး ပြောသည်။

" ဘာမှမဟုတ်ပါဘူး မင်းကထိုင်ပြီးတော့ပဲကြည့်နေ"

" ဒါဆို ကျွန်မအခန်းထဲလှည့်ပတ်ကြည့်လို့ရမလားဟင်?"

ဒါကတကယ်တော့စူးမီအပြောချင်ဆုံးစကားပင်။ သူမမှာဒီနေရာကိုလာတဲ့လမ်းလျှောက်လုံး ချင်ယန့်ရင်ဘတ်မှာဖိကပ်ခံခဲ့ရပြီး တကယ်မွန်းကျပ်ပေသည်။ ထို့ပြင် ထိုထူးဆန်းတဲ့အသံတွေကြားနေရတော့ သူမမှာအကြောင်းပြချက်ရယ်မရှိ အနည်းငယ်ပူနွေးလာသလိုခံစားရသည်။

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now