နန်းမြို့တော်ကနွေဦးရာသီစာမေးပွဲသည် ပြည်နယ်စာမေးပွဲထက်အများကြီး ပိုတင်းကြပ်သည်။ အခြေအနေတစ်ခုလုံးကို စောင့်ကြည့်ရန် စာမေးပွဲခန်းမရဲ့ထောင့်တိုင်းတွင် စောင့်ကြည့်မျှော်စင်တွေရှိသည်။ မည်သည့်ခိုးကူးခြင်းမှ မဖြစ်စေရန် အစောင့်အကြပ်တွေနေရာချထားပြီး တီးတိုးဆိုတာ ဒါမှမဟုတ် အပြန်အလှန်ဆက်သွယ်ပြောဆိုတဲ့ မည်သူ့ကိုမဆိုမသမာဟုသတ်မှတ်သည်။
အဖြေလွှာများသည် စာရင်းသွင်းခြင်းနှစ်ခုလိုအပ်သည်။ ပထမပိုင်းသည် ကိုယ်ပိုင်ကိုယ်စားပြုနံပါတ်ဖြစ်ပြီး စာမေးပွဲဖြေဆိုသူတွေကိုယ်တိုင်ဖြည့်သွင်းရသည်။ နံပါတ်တစ်ခုစီသည်မတူညီကြပဲ စာမေးပွဲဖြေဆိုသူတွေရဲ့ဇာတိမှ ဒေသခံအစိုးရရုံးကထုတ်ပေးခြင်းဖြစ်သည်။ ၎င်းတို့ကိုတရားသူကြီးကဖယောင်းနဲ့ချိတ်ပိတ်ကာ ရုံးတော်အမှုဆောင်များက စာမေးပွဲဖြေဆိုသူတို့ထံပို့ဆောင်ပေးကာ နံပါတ်ကိုလျှို့ဝှက်ထားပြီး နာမည်တူတဲ့စာမေးပွဲဖြေဆိုသူတွေနဲ့ ရှုပ်ထွေးမှုတစ်စုံတစ်ရာ မဖြစ်ရလေအောင်သေချာစေသည်။
ဒုတိယပိုင်းသည် စာမေးပွဲစစ်ဆေးသူက ဖြေဆိုသူရဲ့ပုံတူကိုကိုင်ထားရင်း ရေးသွင်းတဲ့ဖြေဆိုသူရဲ့နာမည်ပင်။
နှစ်ခုစလုံးပြီးပြည့်စုံသွားတာနဲ့ ကိုယ်စားပြုနံပါတ်နဲ့အမည်ကို ဖုံးကွယ်ကာချိတ်ပိတ်သည်။ အနားစွန်းတွေကိုအနက်ရောင်မျဉ်းတစ်လျှောက်ညှိထားပြီး ထိုအချိန်ကနေအဆင့်သတ်မှတ်တဲ့ဖြစ်စဉ်အဆုံးသတ်အထိ စည်းတံဆိပ်ကိုသီးသန့်ဖွင့်လို့မရပေ။ ဒီနည်းလမ်းသည်အတုပပြုခြင်းနဲ့ အရှုပ်အထွေးများကို ထိရောက်စွာကာကွယ်ပေးသည်။
မသမာမှုကိုကာကွယ်ဖို့ဒီစီရင်ချက်များသည် ဆံပင်ကိုရှာဖွေစစ်ဆေးခြင်းနဲ့ ဒူးနဲ့ခြေကျင်းဝတ်တွေကိုပင်ဖော်ပြခြင်းပါဝင်သည့် ခန္ဓာကိုယ်ရှာဖွေစစ်ဆေးမှုစံနှုန်းဖြင့် စတင်သည်။
ဒါပေမဲ့ တမင်တကာပြစ်မှုကျူးလွန်သူဆတွသိပ်မရှိသဖြင့် တရားမဝင်ခိုးကူးစာရွက်တွေမိတဲ့ စာဖြေဆိုသူတွေမရှိသလောက်ပင်။ ထို့ကြောင့် ကျန်းယွိကျွယ်နဲ့ရှန့်ကွမ်းယန်တို့သည် နောက်ဆုံးမှာရှိကြပေမဲ့ သူတို့အလှည့်ရောက်ဖို့ သိပ်မကြာခဲ့ပေ။
YOU ARE READING
ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်
Historical Fictionနှစ်ခါလက်ထပ်ပွဲပျက်ခဲ့ပြီးနောက် စူးမီဟာမက်မွန်ပန်းပွင့်ပုပ်နှစ်ပွင့်နဲ့ကြုံတွေ့ခဲ့ရသည်။ တစ်ယောက်ကသူမအပေါ်လိုချင်မျက်စိကျနေတဲ့ခဲအိုဖြစ်ပြီး နောက်တစ်ယောက်ကရက်စက်ပြီးအကြင်နာကင်းမဲ့တဲ့မိန်းမစိုးတစ်ယောက်။ သေသေချာချာစဉ်းစားဆုံးဖြတ်ပြီးနောက် အနောက်ကတစ်ယောက...