Chapter 47

832 105 0
                                    

ကျောင်းကျိုးကပြန်ရောက်လာပြီးနောက်တွင် ဆောင်းနှောင်းပိုင်းရောက်နေပြီဖြစ်သည်။ နောက်ပိုင်းရက်တွေမှာ ရာသီဥတုသည်တဖြေးဖြေးနဲ့နွေးထွေးလာပြီး သတိမပြုမိပဲခြံဝန်းထဲကသစ်ကိုင်းတွေသည် အဖူး‌အငုံလေးတွေထွက်ပြူဖို့ အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေသည်။

စူးမီသည်နေရောင်ကောင်းကောင်းရတာကို အခွင့်ကောင်းယူပြီး ဆိုင်တာဝန်ခံလီပို့ပေးလိုက်တဲ့ စာအုပ်အဟောင်းတွေကိုနေပူပြနေစဉ်တွင် ချွမ်းမိန်သည်စင်္ကြံလမ်းအောက်က ရေတွင်းတွင်စူးမီရဲ့ဆောင်းရာသီအဝတ်အစားတွေကို လျှော်ဖွတ်ကာအခြောက်လှန်းနေသည်။ 

စူးမီရဲ့အနွေးအင်္ကျီကိုလှန်းရင်း ချွမ်းမိန်သည်စူးမီကိုလှည့်ကြည့်၍ဇဝေဇဝါနဲ့မေးသည်။ 

" စာအုပ်အဟောင်းတွေကလည်း အဝတ်အစားတွေလိုပဲနေပူလှန်းရတာလား သခင်မလေး"

စူးမီသည်စာအုပ်တစ်အုပ်ကို မြေပြင်ပေါ်မှာဖြန့်ဖွင့်ပြီး ပြန်ဖြေသည်။ 

" အင်းပေါ့ စာအုပ်တွေကိုနေပူလှန်းတော့မှိုနံ့ကင်းတယ်လေ ပြီးရင်ပရုတ်သားသေတ္တာထဲထည့်ထားလိုက်မယ် ဒါဆိုသေသေချာချာသိမ်းထားလို့ရပြီ"

ပြီးခဲ့တဲ့အခေါက် ချင်ယန့်ခြုံထည်ကိုပိုးကောင်ကိုက်သွားပြီးနောက်တွင် စူးမီသည်ဒီအရာကိုစတင်အာရုံစိုက်ခဲ့သည်။ လေ့လာရှာဖွေပြီးနောက် စာအုပ်တွေကလည်း ပိုးထည်ဖဲထည်တွေလိုပဲ အင်းဆက်ပိုးမွှားတွေဖျက်ဆီးခံရနိုင်တာကို သူမတွေ့ရှိခဲ့သည်။ သူမသည်တစ်ကြိမ်ဆုံးရှုံးမှုကြုံထားပြီးဖြစ်ရာ ဒီရဖို့ခက်ခဲတဲ့စာအုပ်တွေကို နောက်တစ်ခါမပျက်စီးစေချင်တော့ပေ။ 

" ဪ..."

ချွမ်းမိန် ယောင်ဝါးဝါးပြန်ဖြေပြီး ဆက်ပြီးနေလှန်းလိုက်သည်။ 

" ဒါနဲ့ သခင်မလေး သခင်ကြီးကနောက်တစ်ခေါက် ရက်အနည်းငယ်လောက်အဝေးထွက်သွားပြန်တာလား?"

" အင်း"

စူးမီပြန်ဖြေပြီး စာအုပ်ရဲ့စာမျက်နှာတွေကိုလှန်နေတဲ့သူမလက်တွေ တခဏရပ်ဆိုင်းသွားသည်။ 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now