Chapter 20

1.4K 162 5
                                    

ပုံမှန်နေ့ရက်တွေမှာဆို အပြစ်ပေးအခန်းကအသုံးပြုခဲသည်။ လှပတဲ့မိန်းမပျိုတွေအများအပြားရှိပြီး မည်သူမဆိုမောင်းမဆောင်ထဲဝင်ရောက်နိုင်တဲ့ အခွင့်အရေးရှိရာ ဘယ်အစေခံကမှအနာဂတ်ကိုယ်လုပ်တော်တွေကို ရန်စရလောက်အောင် မမိုက်မဲကြပေ။ ထို့ကြောင့် အပြစ်ပေးခန်းက လုပ်ရိုးလုပ်စဉ်တစ်ခုထက် ဘာမှမပိုပေ။ 

စူးမီ ချင်ယန်ရဲ့အနောက်ကနေအပြစ်ပေးခန်းထဲ လိုက်ဝင်လာရင်း သူမနှလုံးသားမှာကသောင်းကနင်းဖြစ်နေကာ သူမအနောက်ကတံခါးကိုရင်တထိတ်ထိတ်ဖြင့်ပြန်ပိတ်လိုက်သည်။ သူမလှည့်လာတဲ့အခါတွင် ချင်ယန်သည်အနီရောင်ခွေးခြေလေးအပေါ်မှာ ထိုင်နေပြီ။ သူတို့ကြား စားပွဲတစ်လုံးပိုင်းခြားထားပြီး သူ့ရဲ့ကျောက်စိမ်းနဲ့တူတဲ့သွယ်လျလျလက်ချောင်းတွေကို စားပွဲပေါ်မှာတင်ထားကာ သူ့မျက်လုံးတွေက ဝေခွဲရခက်တဲ့အမူအရာဖြင့် စူးမီအပေါ်မှာမြဲမြံနေသည်။ 

စူးမီ သူနဲ့အကြည့်ချင်းမဆုံရဲပဲ တံခါးနားမှာငြိမ်သက်စွာရပ်နေသည်။ 

" မင်းအမြဲတမ်းငါနဲ့ခပ်ခွာခွာနေတယ် မင်းငါ့ကိုတကယ်ကြောက်တာလား?"

ချင်ယန် လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပေမဲ့ မပူတော့ပဲ ကြက်သီးနွေးလောက်ပဲဖြစ်နေပြီ။ သူကခွက်ကိုကောက်ကိုင်လိုက်ပြီးမှ ပြန်ချထားလိုက်သည်။ 

" လူကြီးမင်းချင် ဒီနိမ့်ကျတဲ့မိန်းကလေးကမလုပ်ရဲပါဘူး"

" အဲ့ဒီလိုလား?"

ချင်ယန် စားပွဲညာဘက်ခြမ်းကထိုင်ခုံလွတ်ကို လက်ဟန်ပြလိုက်သည်။ 

" ဒီမှာလာထိုင်"

စူးမီသည်မရိုးသားသောသူမဟုတ်ပဲ တခြားနေ့တစ်ရက်ရက်သာဆိုပါက သူမတုံ့ဆိုင်းခြင်းမရှိပဲ ဝင်ထိုင်မှာဖြစ်ပေမဲ့ ဒီနေ့ကတော့ ချင်ယန်ကအခုတင်အပြင်ဘက်မှာ သူမကိုအပြစ်ပေးမည်ဟုပြောခဲ့‌တော့ ထိုနေ့ရထားလုံးပေါ်ကမြင်ကွင်းကို သူမပြန်တွေးမိပြီး စူးမီအံတင်းတင်းကျိတ်ထားကာ ပြန်မဖြေရဲပေ။ 

" ကျေးဇူးတင်ပါတယ် လူကြီးမင်းချင် ဒါပေမဲ့ ကျွန်မဒီမှာရပ်နေရတာအဆင်ပြေပါတယ်"

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now