Chapter 56

649 71 0
                                    

အစက တော်ဝင်အမဲလိုက်ပွဲကို ဆောင်းဦးတွင်စီစဉ်ထားခဲ့ပေမဲ့ ဆောင်းဦးရာသီအတွင်းမနက်နဲ့ညနေကြားက အပူချိန်ကွာဟချက်ကြီးမားမှုကြောင့် အအေးမိဖို့အလွယ်ဆုံးပင်။ ထို့ပြင် ဧကရာဇ်မင်ရွှမ်သည်အားနည်းချူချာပြီး လေအေးအေးအနည်းငယ်ကိုတောင် ခံနိုင်ရည်မရှိပေ။

ထို့ကြောင့် ရိုးရာဓလေ့ထုံးထမ်းဌာနသည် ‌ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး နွေဦးရာသီအမဲလိုက်ပွဲအဖြစ် ပြောင်းလဲရန်ဆုံးဖြတ်ခဲ့ကြသည်။ နွေဦးသည်အရာအားလုံးအတွက် အစပြုရာ,ရာသီဖြစ်ပြီး ဧကရာဇ်ရဲ့စေတနာသဒ္ဒါတရားကိုပြသရန်အတွက် နွေဦးနှောင်းပိုင်း သို့မဟုတ် နွေရာသီအစပိုင်းကိုပြောင်းရွှေ့ခဲ့ကြပြီး အဆုံးသတ်တွင်လက်ရှိအချိန်တွင်အတည်တကျသတ်မှတ်လိုက်သည်။ 

စူးမီသည်ဒါကိုဖုန့်ပေါင်ဆီကနေ လျှို့လျှို့ဝှက်ဝှက်ကြားသိခဲ့သည်။ အဆင့်ငါးနဲ့ အဲ့ဒီထက်ပိုမြင့်တဲ့အဆင့်ရှိတဲ့အမတ်တွေပါဝင်ကြပြီး သူတို့ရဲ့ဇနီးသည်တွေနဲ့ တရားဝင်သားသမီးတွေကို ခေါ်ဆောင်လာနိုင်သည်ဟုဆိုသည်။ တော်ဝင်အမိန့်တော်ကိုထုတ်ပြန်ခဲ့ပြီး ငါးလပိုင်းကုန်တွင်ရက်သတ်မှတ်လိုက်ကာ စူးမီလည်းသဘာဝအလျောက်ပင်ပါဝင်သည်။ 

နွေဦးအမဲလိုက်ပွဲအတွက်ရွေးချယ်ထားသည့် အမဲလိုက်ကွင်းသည် လုံဟူတောင်ထောင့်တွင်ဖြစ်သည်။ အကြီးအကဲအိမ်တော်သည်လုံဟူတောင်ကို နောက်ခံပြုထားသော်ငြား တောင်တန်းသည်တောင်နဲ့မြောက်ရှည်လျားကျယ်ပြောပြီး ထိုနေရာသို့ရောက်ရန် မြင်းဆွဲရထားလုံးဖြင့်တစ်နာရီ၊ နှစ်နာရီလောက်သွားရသည်။ 

" သခင်မလေး ဒီတစ်ခေါက်လည်းကျွန်မကိုခေါ်သွားလို့မရပြန်ဘူး"

ချွမ်းမိန် စိတ်ပျက်လက်ပျက်နဲ့ညည်းညူလိုက်သည်။ ပြီးခဲ့တဲ့အခေါက်က သူမသခင်‌မလေးထွက်သွားတော့ သူမကိုအကြီးအကဲအိမ်တော်မှာ တစ်ယောက်တည်းချန်ထားရစ်ခဲ့သည်။ အခုတစ်ကြိမ်မှာလည်း သူမသခင်မလေးကို အဖော်လိုက်မပြုပေးနိုင်ပုံပင်။ 

စူးမီစာအုပ်ဆီမှမျက်စိခွာပြီး သူမကိုမော့ကြည့်ကာ ပြုံးလိုက်သည်။ 

ကျွန်မယောက်ျားကပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်Where stories live. Discover now