5th anniversary... 💜(part-1)

1.4K 66 34
                                    

"ဒီနေ့ကဘာနေ့လဲ ကူးမှတ်မိလား..."

ကူးရဲ့ တန်းဖိုးထားမှတ်ထားတတ်တဲ့ ရက်စွဲများစွာထဲမှာ ဒီနေ့စွဲလေးတစ်ခု ပါဝင်နေပါသေးရဲ့လား...။ကူး ဘယ်လောက်ပဲ အေးစက်မာကျောတတ်ပါစေ ဒီနေ့လေးကိုတော့ ကိုယ်နဲ့ထပ်တူ သတိတရရှိနေတယ် မဟုတ်လား...။

လွန်ခဲ့တဲ့တစ်နှစ်ကသာ ကိုယ်တို့ ဝေးမယ့်လမ်းကို မရွေးခဲ့ကြရင်၊ မဟုတ်ဘူး.....။ ဆွဲထားစေချင်လို​့ ကိုယ်ထွက်လာခဲ့တာကို ကူးသာတကယ် တားခဲ့ရင်....ဒီနေ့ဟာ ကူးနဲ့ ကိုယ့်ရဲ့ ချစ်သူသက်တမ်း 5 နှစ်​ပြည့်တဲ့ နေ့ ပေါ့ သဲညှာရယ်.....။

"Happy Anniversary Dear Koo"

***************

******************

လေဆိပ်ဆင်းတာနဲ့ ဆော့ဂျင်းရင်တွေ အလိုလိုခုန်လာတယ်။ကူးနဲ့ မတွေ့တာ တစ်နှစ်တောင်ရှိပြီလေ။ ဖုန်းပြောဖြစ်ကြပေမယ့် တခါတရံ video callပြောဖြစ်ကြပေမယ့် ပြောရင်းနဲ့ သိပ်ပင်ပန်းရှာတဲ့ ကူးက အရင်အိပ်ပျော်သွားတတ်တာချည်း မဟုတ်လား...။ကူး အလုပ်နားတဲ့ရက်များဆိုလည်းနောက်ဆုံးနှစ် ကျောင်းသားသာ ရှိသေးတဲ့ ဆော့ဂျင်းဟာ စာမေးပွဲနဲ့ ကျောင်းကို ပြေးလွှာနေရတာနဲ့ တိုက်ဆိုင်နေတတ်သည်။အရင်က မျက်စိရှေ့မြင်နေရတာတောင် ကိုယ့်ထက် 3နှစ်ကြီးတဲ့ ကလေးလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတာ ၊ ခဏလေး မ​ေတွ့ရရင်တောင် လွမ်းနေရတာ၊ ခုက တစ်နှစ်လုံး မတွေ့ရတာလေ သိပ်ကို လွမ်းနေပြီ....။

လေဆိပ်ထဲ လူတော်တော်များနေပေမယ့် လူကောင်သေးသေးလေးသာ ရှိတဲ့ ကူးကို ဆော့ဂျင်း ချက်ချင်းပဲ ရှာတွေ့ခဲ့တယ်။တပ်​​​ေနကြ မျက်မှန်ဝိုင်းလေးနဲ့ လက်ကလေးပိုက်ရင်း ဆော့ဂျင်းကို လည်တဆန့်ဆန့်နဲ့ ရှာနေတဲ့ ကူးဟာ တမင်လုပ်ယူစရာမလိုပဲ ချစ်စရာကောင်းနေတာပင်...။

"ကူး"

ချစ်ရသူရဲ့ နာမည်လေးကိုလည်း လှမ်းခေါ်ရင်း ခြေလှမ်းတွေကိုလည်း ခပ်သွက်သွက်ပဲ ကူးဆီ ဦးတည်လိုက်တယ်...။တစ်လှမ်း....နှစ်လှမ်း...မရတော့ဘူး ဆော့ဂျင်း ပြေးရတော့သည်။ သိပ်လွမ်းနေတာမလို​့ ထိတွေရဖို့ တခဏလေးတောင် မစောင့်နိုင်တော့ဘူး ။ ကူးနားရောက်တယ်ဆိုရင်ပဲ ခပ်သေးသေး ကိုယ်ငယ်လေးကို တင်းကြပ်နေအောင် ဆွဲဖက်ထားသည်။ ဟူး......ခုမှ ကိုယ်အနွေးဓာတ်လေးကိုပြန်ရတာ။ကူး ဟာ သူ့ကိုဖက်ထားလျက်တိုင်းကို တောင့်တောင့်ကြီးရပ်နေတတ်ပြီး ပြန်ဖက်ပေးဖို့ကို အမြဲမေလျော့နေတတ်တာမျိုး....။

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now