ကူးရဲ့အသက်ရှုသံနဲ ရှိုက်သံတိုးတိုးကလွဲ၍ ဘာစကားသံမှ မကြားရသော ဖုန်းခေါ်ဆိုမှုကို ရခဲ့ပြီးတဲ့နေ့ကစပြီး ဆော့ဂျင်းစိတ်ထဲမှာ မွန်းကြပ်လေးလံနေခဲ့တယ်။
ခုချိန်ထိကူးရင်ထဲမှာ ကိုယ်ရှိနေသေးတာလား။ကူး ကိုယ့်ကိုခုထိ ချစ်နေသေးတာလား။ကိုယ်ကတော့ ကူးကိုချစ်တယ်။ဒါဆို ထိုင်းမလေး ဆိုဖီယာ့ကိုရော...။သေချာတာကတော့ ဆိုဖီယာ့ကို ကူးလိုမချစ်ဘူး....။
"ဟေး ေဆာ့ဂျင်း Library လိုက်အုန်းမလား..."
ဆိုဖီယာ့အသံကြားမှ အတွေးကမ္ဘာကနေ လက်ရှိကို ဂျင်ပြန်ရောက်လာတယ်။
"ဘာတွေတွေးနေတာလဲ ဒါလင်၊
မင်းရည်းစားကို လွမ်းနေတာမလား"ဆိုဖီယာက ပွင့်လင်းတယ်၊ စိတ်ရှင်းတယ်၊ ဆော့ဂျင်းမှာ သိပ်ချစ်ရတဲ့ ကူးရှိခဲ့ဖူးတာကို သူသိပြီးသားမလို့ ခုလိုမေးခြင်း ဖြစ်သည်။ဆော့ဂျင်း ဘာမှပြန်မဖြေမိ၊ ဆိုဖီယာ့ကို ခပ်အေးအေးသာ ပြန်ရယ်ပြမိတယ်။
"သွားတာပေါ့ ဆိုဖီ ၊ ကိုယ်လိုက်ခဲ့မယ်လေ"
ဆော့ဂျင်းတို့ အတူထိုင်နေတဲ့ ကော်ဖီဆိုင်လေးကနေ ထွက်လာခဲ့လိုက်တယ်။ဆိုဖီယာက အမေရိကန်ထိုင်းကပြားလေးမလို့ မျက်နှာကျက အနောက်တိုင်းဆန်ပြီး ဆံပင်ရွှေအိုရောင်နဲ့ သိပ်ကို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး။အရပ်ကလည်း အတော်လေးမြင့်ပြီး ဆော့ဂျင်းနဲ့တောင် မတိမ်းမယိမ်း။ဒါပေမယ့် ဆော့ဂျင်းနှာခေါင်း နားမှာ အမြဲ တဝဲလည်လည်ရှိနေတတ်တဲ့ ခေါင်းလုံးလုံးလေး၊မျက်နှာချင်းဆိုင်ရင် ဆော့ဂျင်းနှုတ်ခမ်းနဲ့ သူ့နဖူးလေးနဲ့ထိနေတဲ့ကူးအရပ်လေးကိုသာ ဆော့ဂျင်း အမြဲမြင်ယောင်နေမိတယ်။
ဆိုဖီယာကို ဆော့ဂျင်းနမ်းဖို့ကြိုးစားတိုင်း ဆော့ဂျင်းရင်ထဲမှာ တင်းကြပ်လာတတ်လို့ တွဲလာတဲ့လေးလအတွင်း ဆိုဖီယာ့ကို အနမ်းတပွင့်တောင် မပေးမိဘူး။နဖူးလေးနမ်းတာတောင် ခြေမကိုင်မိ လက်မကိုင်မိ ရှက်နေတတ်တဲ့ ပါးပြင်ရဲရဲလေးနဲ့ ကူးအမူအရာကိုသာ အတွေးထဲမှာ တဖျက်ဖျက်ပေါ်လာတတ်တယ်။