ကူးက အရှက်သည်း...🌺(part-2)

452 44 12
                                    

တိုက်ခန်းအောက်ရောက်တော့ ကူးက အခန်းသော့ကိုဆော့ဂျင်းအား ထုတ်ပေးတယ်။ဆော့ဂျင်း သော့ကိုလှမ်းယူပြီးတာနဲ့ ကူးက ကားတံခါးကို ပြန်ဖွင့်ရင်း...

"တက်သွားတော့နော်၊ငါအလုပ်သွားတော့မယ်
ညနေ တွေ့မယ်..."

ဆော့ဂျင်းခေါင်းညိတ်ပြရင်း နှုတ်ဆက်ဖို့ ကူးနဖူးကိုနမ်းရန် အနားကပ်သွားမိတော့ ကူးက သူလက်ဖဝါးဖောင်းဖောင်းလေးတွေနဲ့ ပြန်တားထားတယ်။ပြီးတော့ ကားထဲက ဒရိုင်ဘာကို မေးငေါ့ပြတယ်။

"ပြီးရောကွာ..."

ဆော့ဂျင်းလည်း ချက်ချင်းကားနောက်ခန်းက Luggage ကို ဆွဲထုတ်လိုက်တယ်။ရည်းစားကို နဖူးလေးတောင်ထိခွင့်မပေးတဲ့ အရှက်သဲ ကူးကိုလှည့်မကြည့်ပဲ တိုက်ခန်းဆီသာ ခပ်သွက်သွက် လျှောက်လာခဲ့လိုက်တယ်။စိတ်ဆိုးတယ် အဲ့ဒီလူကြီးကို...။

ကူးအခန်းက 7ထပ်မှာ။ဓာတ်လှေကားနဲ့တက်လာခဲ့ပြီး ကူးအခန်းကို ဖွင့်ဝင်လာခဲ့တယ်။အရင်ကလည်းလာဖူးတာမလို့ စိမ်းသက်သက်တော့ဖြစ်မနေ။ကူး သွားပြီလားလို့ ဝရန်တာကို ထွက်ပြီး ငုံ့ကြည့်မိတော့.....

ဟော...၊ကြည့် သူခုထိမသွားသေးဘူး...။ကားမှန်ကိုချပြီး ခေါင်းလေးထွက်ပြီး အပေါ်ကို မော့ကြည့်နေသေးတာ။ဆော့ဂျင်း ဒီလိုထွက်ကြည့်မယ်ဆိုတာ သူသိနေပါတယ်ပေါ့။ကူးမျက်နှာကို ဆော့ဂျင်းသေချာမမြင်ရပေမယ့် ကူးပြုံးနေမယ်ဆိုတာ သိပါတယ်။ဆော့ဂျင်း ပြုံးမိသွားတယ်။ဆော့ဂျင်းဟာ သူ့ကို တကယ်စိတ်မဆိုးရက်ဘူးဆိုတာလည်း သူသိပါတယ်ဆိုတဲ့ သဘော...။ကူး က လက်လမ်းပြလာတာမလို့ဆော့ဂျင်းလည်း ပြန်လက်ပြလိုက်မှ ကားထွက်သွားတယ်။

အင်း.....ကူးပါပဲ။အရှက်သဲတဲ့ကူးကို သူ့ရှေ့မခေါ်ဖြစ်ခဲ့ပဲ ကျနော့ရင်ထဲမှာ သဲညှာလို့ တိတ်တိတ်လေးအကြိမ်ကြိမ်ခေါ်နေမိခဲ့တဲ့ ဂျွန်ဂျောင်ကု ပါပဲ...။ကျနော့်စိတ်အလုံးစုံကို သိနိုင်မြင်နိုင်သူက ကျနော့အကို ကင်နန်ဂျွန်း ပြီးရင် တစုံတယောက် တည်းသော ကူးပါပဲ...။

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now