အသဲမာတဲ့သဲညှာ...💔(part-8)

378 39 18
                                    

"မသွားပါနဲ့ ကူး၊ မဟုတ်ဘူး မင်းမသွားရဘူး သဲညှာ"

ဆောဂျင်းအသံ နည်းနည်းကျယ်သွားသည်။ဆော့ဂျင်း နဲ့ ကူး ချစ်သူဖြစ်ကတည်းက ကူးအပေါ် ဆော့ဂျင်း ဒေါသတကြီး အော်မိတဲ့ချိန်ဟာ ဒါပထမဆုံးပဲ ။ ကူးကတော့ ဒါတွေကိုကြိုတင်မျှော်လင့်ထားပြီးလူတယောက်လို တည်တည်ငြိမ်ငြိမ်ပဲ ဂျင့်ကို ငေးကြည့်နေတယ်။

"ဘာဖြစ်လို့လဲ ဂျင်"

ကူး အသံကလည်း တကယ်ကိုအေးအေးဆေးဆေးပဲ။

"မင်းသာ US မှာဆိုရင် ကိုယ်အခုလို မင်းဆီလာဖို့
မလွယ်တော့ဘူး၊ ကူးက ခုကျောင်းလည်းတက်ရမယ်၊
အလုပ်လည်း လုပ်ရအုန်းမယ်၊ ကိုယ်တို့ ဘယ်တော့မှ
ပြန်တွေ့ရမှာလဲ၊ ဟင် ကူး ဖြေလေ"

ကူးကပြုံးတယ်။ခုဆော့ဂျင်းတားနေရတာက နှစ်ယောက်ကြားက relationship ကိုမယုံကြည်လို့လည်းမဟုတ်သလို ကူးကိုမယုံကြည်တာကြောင့်လည်းမဟုတ်။ ဒီတိုင်း ကူးနဲ့ အကြာကြီး မဝေးချင်ရုံလေ။ ဝေးရမှာကို သေလောက်အောင် ကြောက်နေမိရုံလေး။

"ဂျင်က မစောင့်နိုင်လို့လားဟင်၊အနေဝေးသွားရုံနဲ့
ပြတ်စဲသွားမယ့် ဆက်ဆံရေးတွေမှာ မင်းနဲ့ငါပါ
ပါသွားပြီလားဂျင်၊ ဟင် ဟုတ်လား"

ဆော့ဂျင်း ကူးမျက်နှာကို စူးကနဲ့လှမ်းကြည့်လိုက်တယ်။ကူးလေသံတွေက မာနေတာမျိုးမဟုတ်ပေမယ့် မျက်ဝန်းဝိုင်းတွေကတော့ မာန်အပြည့်။ဒါက သူသွားကိုသွားမယ်ဆိုတဲ့သဘော။

"ငါသွားမှဖြစ်မှာ ဂျင်၊
ဒါက ငါ့အိပ်မက်တွေထဲက တစ်ခုပဲ"

ဆုံးဖြတ်ပြီးသား အရာတစ်ခု ဘယ်တော့မှ နောက်ပြန်မလှည့်တဲ့အကျင့်အထိ နန်ဂျွန်ဟျောင်းရယ် ဆော့ဂျင်းရယ် ဂျောင်ကု ရယ်ဟာ ကြောက်စရာကောင်းလောက်အောင် တူညီနေကြပြီ။ စကားအဆုံးမှာ ကူးအသံ အနည်းငယ်တုန်ယင်သွားတာကို ဂျင်သတိထားမိတယ်။

"ကိုယ် မနက်ဖြန်ပြန်တော့မယ် ကူး"

ကူးမျက်ဝန်းတွေ ချက်ချင်း လှန်ကြည့်တယ်။ ဆော့ဂျင်း သိပ်သဘောကျရတဲ့ မျက်ဝန်းဝိုင်းတွေဟာ မျက်ရည်စတွေနဲ့ တကယ်ကို မလိုက်မဖက်။ ဆော့ဂျင်း ကူးရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ရင်း ကူးလက်ဖဝါးတွေကို ဆုပ်ကိုင်လိုက်တော့ ကူးမျက်ဝန်းတွေထဲမှာဖွက်ထားတဲ့ မျက်ရည်စလေးတွေဟာ ပါးပြင်ပေါ်အလုအယက် စီးကျလာတယ်။

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now