ကိုယ့်သဲညှာကို ကိုယ့်မှာချစ်မဝ...🌻( part-5)

339 35 8
                                    

"အရပ်ကြီးက ဘာလို့အဲ့လောက်ရှည်လာတာလဲ ဂျင်
ပြီးတော့ မင်းပိုလည်း ချောလာတယ်"

"ဟုတ်တယ် ကိုယ်ချောလို့ ကျောင်းမှာ ကိုယ့်ကို
သဘောကျတဲ့ ကောင်မလေး တွေမှအများကြီး.."

ရင်ခွင်ထဲက ကူးက ခပ်ဟဟရယ်တယ်။ သူဘယ်တုန်းကမှ သဝန်မတိုဖူးဘူး။တကယ်ကိုမတိုတာ။ ဆိုဖာမှာ အသီးစားရင်း TV ကိုအာရုံစိုက်နေတဲ့ ရင်ခွင်ထဲက အကောင်ပေါက်ကို ထပ်စမ်းသပ်ချင်လို့ ဆော့ဂျင်း စကားကိုဆက်လိုက်တယ်။

"တခေါက်ကဆို ကိုယ့်ကို ထိုင်းမလေးက Dateမလားလို့မေးတယ်သိလား ပြီးတော့ သူကတော်တော်လှတယ်"

"ဟာ စွံလှချည်းလား..."

ကူးက ပေါ့ပေါ့ပါးပါး ပဲ ရယ်ရင်းပြန်ပြောတယ်။ဆော့ဂျင်းလည်း ကူးက စိတ်မဆိုးတော့ ထပ်မစချင်တော့။

"ကူး စိတ်မဆိုးဘူးလား၊ သဝန်မတိုဘူးလား"

"ဟင့်အင်း ၊ မင်းကိုငါယုံတယ်လေ မင်းက ထိုင်းမလေး
ကို Dateရအောင်လို့ စပြောတာမှမဟုတ်ပဲ ၊ နောက်ပြီး
မင်းကို Dateရအောင်လို့ လာပြောလည်း
မင်းလက်ခံမှာမဟုတ်ဘူးဆိုတာကို ငါသိတယ်လေ"

ကူး ဟာထိုကဲ့သို့ အမျိုးသားမျိုးပါ ။ ကူးက ဆော့ဂျင်းကို ယုံကြည်သလို ဆော့ဂျင်းလည်း ကူးကို ယုံကြည်ပါသည်။

"မင်းရေချိုးတော့ ဂျင်၊ Hotel ကို check in ဝင်ရအုန်းမယ်လေ ၊ ပြီးရင် ညစျေးတန်းဘက် မုန့်သွားစားကြမယ်၊ လျှောက်လည်ရအောင်"

ဆော့ဂျင်း ကူးကို ရင်ခွင်ထဲက နေ ထုတ်ပြီး မျက်နှာကို သေချာကြည့်မိသည်။ ကူးက ပုံမှန်ဆို အပြင်သွားလည်ဖို့ Dateဖို့ စိတ်မပါခဲ့တာလေ ၊ ဆော့ဂျင်း လာတိုင်း သူ့အခန်းမှာ ချက်ပြုတ်စား TV ရှေ့ ရုပ်ရှင်ထိုင်ကြည့် ၊ ကူးက အလုပ်ချိန်အလုပ်သွား ၊ ညနေခင်းကျ ဆော့ဂျင်းက သွားကြို ၊ ဒါကမှ ပုံမှန် ဘယ်ကိုမှ ထွက်မလည်ဖြစ်ကြ။

"ဘာလည်း မသွားချင်းလို့လား ဂျင် ၊ ဒါဆိုလည်း..."

"ဟာ သွားမှာပေါ့ ကူးကလည်း"

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now