မနက်အိပ်ယာနိုးလို့ မျက်လုံးပွင့်တာနဲ့ အပျင်းဆန့်ဖို့ စိတ်မကူးမိ၊ သဲညှာဆီ အမြန်ပြေးရမယ်။ ဒီနေ့က Sunday မလို့ ကူးအလုပ်နားရက်။ နာရီကြည့်မိတော့ 8နာရီခွဲ။ ရေချိုးပြင်ဆင်ပြီး မနေ့ညက ကူးဝယ်ပေးထားတဲ့ ကုတ်အညိုလေးကို ကိုင်ပြီး ဟိုတယ်ကနေ အမြန်ထွက်ခဲ့လိုက်တယ်။ဟိုတယ်မှာ သိပ်မသိသာပေမယ့် အပြင်မှာတော်တော်အေးတာမလို့ ကုတ်ကို ချက်ချင်းထပ်ဝတ်လိုက်ရတယ်။ တိုကျိုမြို့ရဲ့ December လေ....။
ကူး အခန်းတံခါးရှေ့ရောက်တော့ ဘဲလ်ကိုတီးလိုက်တယ်။အထဲက တော်တော်ကြာတဲ့ထိ ဘာအသံမှ မကြားရဘူး။တံခါးလာမဖွင့်တာမလို့ ဂျင် ကူးကိုဖုန်းပဲခေါ်လိုက်ရတော့တယ်။ဖုန်းကိုတော်တော်ကြာမှကိုင်ပြီး အိပ်ချင်မူးတူးအသံလေးနဲ့ ပြန်ဖြေတယ်။
"တဖက်က ဘယ်သူလည်းတော့ မသိဘူးဗျ ကျနော်ဆက်အိပ်ချင်သေးလို့ ဖုန်းချပေးလို့ရမလားဗျ "
ကူး ဖြေပုံအရ မျက်လုံးတွေမဖွင့်သေးပဲ ဖုန်းပြန်ဖြေနေပုံရသည်။ဖုန်းခေါ်သူက ဂျင် မှန်းလည်း သူသိပုံမရ။ဖုန်းဖြေပုံကလည်း ချစ်စရာလေး သူဆက်အိပ်ချင်သေးလို့ ဖုန်းချပေးပါတဲ့ ဟာဟား...။
"ကူး ကိုယ်တံခါးရှေ့ရောက်နေပြီ၊ တံခါးလာဖွင့်ပေးအုန်း"
"ဟာ ဂျင်ကလည်းကွာ ၊ ဘာလို့အစောကြီးလည်း..."
"ကိုယ် တွေ့ချင်လို့လေ သဲညှာရာ"
မကြာခင်မှာပဲ တခါးပွင့်သွားပြီး ဆံပင်ရှုပ်ပွပွနဲ့ မျက်လုံးမပွင့်တဲ့ ပေစောင်းစောင်းနဲ့ ယုန်ကလေးထွက်လာပါတယ်။ ဂျင် အခန်းထဲ အမြန်ဝင်ပြီး အခန်းတံခါးကိုလည်း အမြန်ဆွဲပိတ်လိုက်ကာ ကူးကို ရင်ခွင်ထဲ ဆွဲထည့်ပစ်လိုက်တယ်။
"ဟေ့ကောင် ဖယ်စမ်း ငါမျက်နှာမသစ်ကသေးဘူး"
ကူးက အတင်းတွန်းထုတ်ပေမယ့် ဂျင်လုံးဝမလွတ်ပေးပါဘူး။
"ဘာလို့အစောကြီးထလာတာလည်း
အိပ်ရေးဝအောင်အိပ်ပြီးမှ လာတာမဟုတ်ဘူး"