ကူးကကိုယ့်ကံကောင်းခြင်းလေး...🌼(part-6)

257 30 6
                                    

"သဲညှာ"ကနူးညံ့မွှေးကြိုင်ပြီး သိမ်မွေ့တဲ့ ပန်းလေးတစ်ပွင့်မဟုတ်ပေမယ့် အရိပ်ပေးနိုင်တဲ့ သစ်ပင်တစ်ပင်လိုမျိုး။ ခပ်အေးအေးငြိမ့်ငြိမ့် စီးဆင်းနေတဲ့ စမ်းချောင်းလေးလိုမျိုး။ ကြည်လင် ကင်းစင်နေတဲ့ ကောင်ကင်ပြာလေးလိုမျိုး။မြင့်မားခန့်ညားတဲ့ ကျောက်ဆောင်လေးလိုမျိုး။

***************

ကူး ဒီရက်တွေထဲမှာ သိပ်ကိုသဘောကောင်းနေသလို ဆော့ဂျင်းအပေါ်လည်း သိသိသာသာ နွေးထွေးပေးနေတယ်။ ချစ်ကြောင်းတွေကိုလည်း ရဲရဲတင်းတင်း ဖော်ပြတတ်လာတယ်။ ခုလည်းတနေကုန်အလုပ်ပင်ပန်းထားတဲ့ ကူးကို အလုပ်ကနေကြိုပြီး တိုက်ခန်းကို ဆော့ဂျင်းလိုက်ပို့ခဲ့ပြိီးမှ ဟိုတယ်ကိုပြန်လာတာဖြစ်သည်။ ဆော့ဂျင် ရေချိုး ကိုယ်လက်သန့်စင်ပြီး တော့ ကောင်တာက ဧည်သည်ရောက်နေကြောင်း ဖုန်းဆက်ပြော လို့ ဆင်းလာတော့ ကူးကိုတွေ့ရတယ်။ခုမှပြန်လာတာကို ကူးဘာကြောင့် ဟိုတယ်ထိ လိုက်လာရတာပါလိမ့်။

"ကူး ဘာလို့လဲ ကိုယ်ခုမှလိုက်ပို့ခဲ့တာလေ
လိုက်ခဲ့မယ်ဆိုလည်း ကြိုပြောရောပေါ့"

"ငါမင်းနဲ့ ညစျေး ထပ်သွားချင်လို့လေဟာ"

"စောစောပြောရောပေါ့ ကူးရယ်
ကိုယ်မပြန်သေးပဲနေမှာပေါ​့ လိုက်လာရတော့
မင်းပိုပင်ပန်တာပေါ့ သဲညှာရဲ့"

"ဟာ မင်းကလည်း ငါခုမှ သွားချင်စိတ်ဖြစ်လာလို့လေ
သွားမှာလား မသွားဘူးလားပြော"

"အာ သွားမယ် သွားမယ် လာ "

တဖြည်းဖြည်းနဲ့ ကူးဟာ မျင်ဝန်းဝိုင်းတွေမီးတောက်လာသလို အသံတွေမာပြီးကျယ်လာပြီးမလို့ ဆော့ဂျင်းအမြန် ငြိမ်းသက်ရတော့သည်။ ဒါဟာ ကောက်တော့မယ့် အရိပ်အယောင်ကို မြင်နေပြီမလို့ အရှိန်မပြင်းခင် အရှိန်သတ်ထားရသည်။ကူး က ဒီရက်ပိုင်း သိသိသာသာ ချစ်ပြလာသလို အရင်နဲ့မတူ စိတ်လည်းဆက်လာသည်။ အလိုမလိုက်ရင် ကောက်တယ်။ စိတ်ဆိုးရင်ငိုတယ်။ တခါတလေဂျစ်တယ်။ ဒါလေးကိုပဲ ဆော့ဂျင်းမှာလည်း စိတ်မငြီးငွေ့မိပါပဲ ကူးရဲ့ မမြင်ဖူးတဲ့ တဖတ်ခြမ်းလေးပါလားဆိုပြီး သဘောကျလိုက်ရသေးတာ။

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now