လီဆာ မမနဲ့စကားသေချာမပြောဖြစ်တာရက်အနည်းငယ်ကြာပြီ။ အတိအကျပြောရရင် မမကိုဖွင့်ပြောတဲ့သူရှိတယ်လို့ပြောလာတဲ့နေကတည်းက။ ကျောင်းသွားကျောင်းပြန်အတူတူဆိုပေမယ့် နှစ်ယောက်သားစကားမပြောဖြစ်ကြ။ ဒီရက်ပိုင်း မမက လီဆာ့အနားမှာသိပ်မရှိပေ။ တခြားအပေါင်းအသင်းများနှင့်ပင်အချိန်ကုန်နေတတ်သည်။ပြီးတော့ မမရဲ့အနားမှာ ရွှေအိုရောင်ဆံနွယ်တွေနဲ့ကောင်မလေးတစ်ယောက်ကိုလည်းတွေ့ရသည်။ သူတို့ကိုကြည့်ရတာအရမ်းကိုရင်းနှီးသည့်ပုံ။ မမကလည်းအဲ့တစ်ယောက်နဲ့ဆိုရင်ရယ်မောပျော်ရွှင်နေတာပါပဲ။ မမကိုငေးကြည့်ရင်း မမရဲ့ဘဝမှာ လီဆာမရှိလည်းပျော်ရွှင်နေတယ်၊ လီဆာမရှိလည်းပုံမှန်လည်ပတ်နေနိုင်တာပဲ၊ လီဆာက ဒီတိုင်း ခင်မင်ရင်းနှီးတဲ့ညီမတစ်ယောက်ပဲလို့တွေးမိတော့ ရင်ဘတ်ထဲမှာဆစ်ခနဲနာကျင်မိသွားသည်။ ခဏပါပဲ...။ ပြုံးပျော်ရွှင်နေတဲ့မမကိုကြည့်ရင်း လီဆာလည်းလိုက်ပြုံးမိလိုက်တယ်။ လီဆာက မမနဲ့ပတ်သက်လာရင် နာကျင်မှုကိုတောင် အရူးလိုဖက်တွယ်ပြီး မမကိုအသက်ထက်ပိုမြတ်နိုးနေမယ့်လူလေ။
မမ ရယ်မောနေတာကို ဘယ်လောက်တောင်ငေးကြည့်မိနေလဲမသိ။ မမကသူငယ်ချင်းနဲ့စကားပြောနေရင်း လီဆာ့ဘက်ကိုလှည့်ကြည့်လာတော့မှ မသိချင်ယောင်ဆောင်ကာအကြည့်လွှဲလိုက်ရသည်။ မမက လီဆာ့ကိုခဏပဲလှည့်ကြည့်တာပါ။ နောက်ကိုခဏလှည့်ကြည့်ပြီးတော့ မမရဲ့ရှေ့မှာရှိတဲ့ ရွှေအိုရောင်ကောင်မလေးနဲ့ပဲ စကားတွေပြန်ပြောရင်းရယ်နေတာကို အကြည့်လွှဲထားပေမယ့် လီဆာ့ရဲ့မျက်ဝန်းထောင့်ကနေမြင်လိုက်ရမိသည်။
လီဆာ့ကမ္ဘာမှာ မမပြုံးပျော်နေရင်ပဲအရာအားလုံးပြည့်စုံပါပြီ။ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် မမကိုပြုံးရယ်စေတယ်ဆိုရင် အဲ့ဒီလူကလီဆာ့အတွက်ကျေးဇူးတင်ထိုက်သူပဲမဟုတ်လား...။
🌼
ညနေ ကျောင်းဆင်းတော့ ပုံမှန်အတိုင်းပဲ မမနဲ့ လီဆာစက်ဘီးကလေးစီးရင်းအိမ်ပြန်လာခဲ့ကြတယ်။ လီဆာကစက်ဘီးနင်းပြီး မမကတော့နောက်ခုံမှာထိုင်တာပေါ့။
" လာလာ..."
ကုန်းအမြင့်လေးကိုရောက်တော့ စက်ဘီးကိုအားစိုက်နင်းနေတုန်း မမဆီမှခေါ်သံလေးကြားလိုက်ရသည်။
YOU ARE READING
A word (Completed)
Fanfictionတို့နှစ်ယောက်ရဲ့အခြေအနေကိုပြောင်းလဲဖို့ စကားလေးတစ်ခွန်းပဲလိုအပ်ခဲ့တာပါ။