ဂျဲန်းနီ ဖေဖေရှိရာမြို့သို့ပြန်ရောက်လာပြီး ၆လအကြာမှာ ဖေဖေကဆုံးပါးသွားခဲ့သည်။ မေမေရယ် အစ်မဂျီဆူးရယ် သူမရယ် သားအမိ၃ယောက်လုံးအရမ်းမခက်ခဲပေမယ့်ပင်ပန်းတဲ့နေ့ရက်တွေကိုဖြတ်သန်းခဲ့ရလေသည်။ မေမေက ဖေဖေ့ရဲ့အလုပ်တွေကိုတာဝန်ယူပြီး ဂျဲန်းနီတို့ညီမနှစ်ယောက်ကတော့မေမေ့ကိုကူရင်း အလုပ်တစ်ဖက်နဲ့ကျောင်းတက်ခဲ့လေသည်။ ကျောင်းပြီးတာနဲ့မေမေ့ကိုအနားယူခိုင်းပြီး အလုပ်တွေအကုန်ညီအစ်မနှစ်ယောက်တာဝန်ယူရမှာဖြစ်သည်။ လာလာ့ကိုသတိရမိပေမယ့် မဆက်သွယ်ဖြစ်ခဲ့။ တစ်ချိန်ချိန်မှာတော့ကျိန်းသေပေါက်ပြန်တွေ့ရမှာကို သိနေခဲ့ပါသည်။ အချိန်တွေ လကိုရက်စားရက်ကိုနှစ်စားပြီးနှစ်တွေကုန်လွန်ခဲ့တော့ ဂျီဆူးနဲ့ပတ်ချယ်ယောင်းတို့မေတ္တာမျှခဲ့ကြလေသည်။ မေမေသဘောမတူလောက်ဖူးထင်ထားခဲ့ပေမယ့် သမီးတွေစိတ်ချမ်းသာဖို့အဓိကကျတာမလို့မေမေ့ဘက်ကမကန့်ကွက်။ချယ်ယောင်းဘက်ကတော့အနည်းငယ်သဘောမတူချင်ပေ။ ဒါပေမယ့်သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြပြီး အခုဆိုသမီးလေးတစ်ယောက်တောင်ရရှိခဲ့ကြပြီဖြစ်သည်။ သာယာတဲ့အိမ်ထောင်ရေးကိုလည်းရရှိခဲ့ပြီ။
ပတ်ချယ်ယောင်းနဲ့အစ်မဂျီဆူးတို့အတွဲကို ကြည့်ရင်းလာလာနဲ့သူမရဲ့အနာဂတ်အကြောင်းအရာများကိုစိတ်ကူးခဲ့ရတာလည်းအကြိမ်ကြိမ်။ ဒီကြားထဲမှာ မေမေ့ရဲ့ကျန်းမာရေးအဆင်မပြေမှုကြောင့်တခြားနယ်မြို့လေးတစ်မြို့ကိုခဏပြောင်းကာအနားယူခဲ့ကြသေးသည်။ လာလာတို့မြို့ကိုတော့မပြန်ဖြစ်သေးပါ။လာလာသူမအပေါ်မှာထားတဲ့စိတ်ကိုသေချာသိချင်တာကြောင့်ဖြစ်သည်။
ပတ်ချယ်ယောင်းက သူမရဲ့အလုပ်မှာလာလာနဲ့တွေ့သည်ဟုပြောလာတော့ စိတ်လှုပ်ရှားသွားသည်။ ဒီအချိန်ဆိုလာလာနဲ့ပြန်တွေ့ဖို့လည်းအချိန်တန်နေပြီဖြစ်တာကြောင့် ပတ်ချယ်ယောင်းဆီကိုသွားဖို့ပြင်နေသောအစ်မနဲ့အတူဂျဲန်းနီလိုက်လာခဲ့မိသည်။ ရုံးကိုရောက်တော့လာလာ့ကိုမတွေ့ရ။အလုပ်ကြောင့်နယ်သွားရပေမယ့်ဒီနေ့ပြန်ရောက်မည်ဟုသိရသည်။ မကြာခင်ပြန်ရောက်မှာဖြစ်သောကြောင့်ဂျဲန်းနီလည်းမပြန်တော့ပဲစောင့်နေလိုက်သည်။
YOU ARE READING
A word (Completed)
Fanfictionတို့နှစ်ယောက်ရဲ့အခြေအနေကိုပြောင်းလဲဖို့ စကားလေးတစ်ခွန်းပဲလိုအပ်ခဲ့တာပါ။