Part ( 14 )

1.2K 90 5
                                    

  ဆေးရုံကိုရောက်တော့ မမကိုအရေးပေါ်ခန်းထဲခေါ်သွားကြသည်။  လီဆာ့မှာသာ စိတ်တွေကယောင်ခြောက်ခြားဖြင့်ထိုင်လို့ထိုင်မှန်းမသိ ထလို့ထမှန်းမသိဖြစ်နေလေသည်။ အသိစိတ်ရှိနေစဉ်ခဏက ချယ်ယောင်းတို့ကိုဖုန်းဆက်ကာအကြောင်းကြားလိုက်သဖြင့် ချယ်ယောင်းနဲ့မမရဲ့အစ်မဖြစ်သူ အစ်မဂျီဆူးတို့က ဆေးရုံသို့အပြေးအလွှားရောက်ရှိလာကြလေသည်။

" လီဆာ... "

" ချယ်ယောင်း...ကယ်ပါဦး..မမကိုကယ်ပါဦး ချယ်ယောင်းရယ် ငါ့ကြောင့်ပါ ငါမကောင်းလို့ ငါတွေ့ဖို့ချိန်းလိုက်မိလို့ဒီလိုဖြစ်ရတာ...မမအရမ်းနာကျင်နေတော့မှာပဲ ငါ့အပြစ်တွေပါ "

ချယ်ယောင်းရဲ့လက်နှစ်ဖက်ကိုကိုင်ကာ ဒူးတွေညွတ်ခွေကျမတတ် ခေါင်းကိုအောက်ငိုက်စိုက်ရင်းငိုကြွေးကာ သူ့ကိုယ်သူအပြစ်တင်စကားဆိုလာသည့် လီဆာ့ကိုကြည့်ရင်း ချယ်ယောင်းသနားနေမိသည်။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဝေးကွာနေခဲ့ရသည့်ချစ်သူနှစ်ဦးပြန်ဆုံတွေ့ပြီး သာယာမည့်အဖြစ်မရောက်သေးဘူး အခုလည်းဝမ်းနည်းစရာကကြုံလာရလေသည်။

ဂျီဆူးကတော့ အရေးပေါ်ခန်းအဝကိုသွားကြည့်လိုက် လီဆာ့ကိုပြန်လာကြည့်လိုက်နှင့်အလုပ်ရှုပ်နေသည်။ ဂျီဆူးလည်း ညီမဖြစ်သူကားတိုက်ခံရမှုကြောင့် စိတ်တွေ အဆင်မပြေဖြစ်နေမှာကိုချယ်ယောင်းသိသည်။ သူတို့နှစ်ဦးကိုဘယ်လိုနှစ်သိမ့်ပေးရမလဲလို့တွေးရင်း ချယ်ယောင်းရဲ့ရင်တွေမောနေရလေသည်။

" နင့်အပြစ်တွေလို့လည်းပြောလို့မရဘူးလေ လီဆာရယ် ကားသမားကမဆင်မခြင်မောင်းလို့ပါ နင်အခုလိုဖြစ်နေတဲ့ပုံစံကို အစ်မဂျဲန်းနီတွေ့ရင်လည်းဘယ်စိတ်ကောင်းပါ့မလဲ နင့်တစ်ကိုယ်လုံးမှာလည်းသွေးတွေချည်းပဲ သန့်စင်ခန်းထဲသွားပြီးသန့်ရှင်းလိုက်ပါလား ငါတို့ ဒီမှာစောင့်နေပေးပါမယ် "

  " ဟင့်အင်း...ငါမသွားနိုင်ဘူး မမအခြေအနေကိုမသိရပဲ ငါသွားနိုင်မယ်မထင်ဘူးချယ်ယောင်းရယ် ပြီးတော့ငါ့ခြေထောက်တွေရွေ့လို့မရဘူး ဘာတွေဖြစ်နေလည်းမသိပါဘူး...မမအဆင်ပြေမယ်မဟုတ်လားဟင် ချယ်ယောင်းပြောပါဦးဟာ... မမကငါတို့ကိုထားမသွားလောက်ဖူးမလား "

A  word (Completed)Where stories live. Discover now