လီဆာ လုပ်လက်စအလုပ်တွေကို လက်စသတ်လိုက်ပြီးနောက် နာရီကိုတစ်ချက်ကြည့်လိုက်တော့သိပ်မကြာခင်မှာရုံးဆင်းရတော့မည်ဖြစ်သည်။ မမ အိမ်ကိုလိုက်လာတဲ့နေ့က အကြောင်းစုံရှင်းပြလို့ မမနဲ့ချယ်ယောင်းတို့ပတ်သတ်မှုကိုလီဆာသိလိုက်ရသည်။ ပတ်ချယ်ယောင်းကိုသွားပြောတော့ သကောင့်သားကရယ်ကျဲကျဲဖြင့် လီဆာ့ကိုကြည့်မရလို့အထင်လွဲအောင်လုပ်တာတဲ့လေ။
အခုဆိုရင် မမနဲ့လီဆာတို့နှစ်ယောက်ကြား အတားအဆီးကဘာမျှမရှိတော့သလောက်ဖြစ်နေပြီ။ အင်း...လီဆာ့ဘက်ကသာရှေ့ဆက်တိုးနိုင်ရင် နှစ်ရှည်လများ ညီအစ်မဆက်ဆံရေးအဖြစ်နေခဲ့သည်ကနေ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်လေသည်။ လီဆာကိုယ့်ကိုယ်ကိုယ်အထင်ကြီးတာမဟုတ်ပေမယ့် မမလည်းသူ့အပေါ်မှာ ညီမလေးတစ်ယောက်ထပ်ပိုနေသည်ဟုခံစားမိသည်။
ဒီညနေ မမနှင့်တွေ့ဖိုချိန်းထားတာမလို့ လီဆာနာရီကိုတကြည့်ကြည့်ဖြင့် ဖင်တကြွကြွဖြစ်နေလေသည်။ ညနေ၄နာရီထိုးတာနှင့်အိတ်ကိုကောက်ဆွဲကာလက်မှတ်အမြန်ထိုးရင်း မမနှင့်ချိန်းထားသည့်နေရာသို့သွားရန်အိမ်သို့အမြန်ပြန်ခဲ့လိုက်လေသည်။
အိမ်ကိုပြန်ရောက်တော့ ရေချိုးအဝတ်အစားလဲကာအလျှင်အမြန်ပင် ပြန်ထွက်လာခဲ့လေသည်။ ချိန်းထားတာက ၅နာရီခွဲမှဆိုပေမယ့် လီဆာစားသောက်ဆိုင်မှာရောက်နေသည်မှာ နာရီဝက်ခန့်ပင်စောနေသည်။လီဆာရောက်သည်အထိ မမကမရောက်လာသေး။ မမကြိုက်တတ်သည်များကိုမှာထားပေးနှင့်ပြီး ဆိုင်ရဲ့ဝင်ပေါက်ဝကိုငေးကာ မမကိုစောင့်နေလိုက်လေသည်။
ဆိုင်ရဲ့တံခါးဖွင့်သံနှင့်အတူ ဝင်ရောက်လာသည့်မမကိုတွေ့တော့ လီဆာ့နှလုံးခုန်သံတွေမြန်သွားရသည်။ စိမ်းနုရောင်ဂါဝန်လေးနှင့် လှချင်တိုင်းလှနေသောမမက တကယ်ချစ်စရာကောင်းလွန်းလှသည်။ လီဆာထိုင်နေရာမှထလိုက်ပြီး မမထိုင်ဖို့အတွက်ခုံကိုအသင့်ပြင်ပေးလိုက်တော့ မမကအလိုက်တသင့်ဝင်ထိုင်လေသည်။
ဂျဲန်းနီရောက်ပြီး သိပ်မကြာသောအချိန်မှာပဲ မှာထားသည့်စားစရာများရောက်လာသည်မလို့ စကားမပြောဖြစ်သေးပဲ အရင်ဆုံးစားသောက်လိုက်ကြလေသည်။ လီဆာကတော့ သူ့ရဲ့ရှေ့မှာပါးလေးဖောင်းနေအောင်အပြည့်ထည့်ပြီးတလှုပ်လှုပ်နှင့်ဝါးနေသည့် မမကိုကြည့်ရင်းအချစ်ပိုနေမိသည်။
YOU ARE READING
A word (Completed)
Fanfictionတို့နှစ်ယောက်ရဲ့အခြေအနေကိုပြောင်းလဲဖို့ စကားလေးတစ်ခွန်းပဲလိုအပ်ခဲ့တာပါ။