Part ( 10 )

1.3K 124 49
                                    


" လာလာ... "

" မမ... နေကောင်းတယ်နော်... "

မမက လီဆာ့ကိုဝမ်းသာအားရနဲ့လက်ကလေးများကိုအရင်ဆုံးဆုပ်ကိုင်လာပြီး လီဆာ့ကိုလှမ်းဖက်ဖို့ပြင်လိုက်သည်။ အချိန်တွေပြောင်းလဲလာတာနဲ့မျှ လီဆာနဲ့မမကအရွယ်တွေကွာခြားကုန်ပြီ အရင်ကတူညီစွာရှိခဲ့သောအရပ်အမောင်းက အခုဆိုရင်လီဆာကမမထက်ခေါင်းတစ်လုံးစာပိုမြင့်နေလေပြီဖြစ်သည်။ မမဖက်လို့အဆင်ပြေအောင်လီဆာဒူးကိုအနည်းငယ်ကွေးညွတ်ပေးလိုက်တော့ မမကလီဆာ့ကိုတင်းကျပ်စွာဖြင့်ဖက်ထားလေသည်။

" လာလာ ကလေးရယ် မမသတိတွေရနေတာ "

" ကျွန်မလည်း မမကိုသတိရနေခဲ့တာပါ "

မမရဲ့ရင်ခွင်ထဲမှအသာအယာထွက်လိုက်ပြီး မမရဲ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေခဲ့လိုက်သည်။ မမရဲ့လက်တွေကိုတော့ဆုပ်ကိုင်ထားလျက်ပေါ့။ ပတ်ဝန်းကျင်မှာ ချယ်ယောင်းရှိနေတာကိုလည်းဂရုမစိုက်အား ။သတိလည်းမရတော့။ အခုကျွန်မရဲ့ရှေ့မှာမမရှိနေသလို မမရဲ့ရှေ့မှာလည်းကျွန်မသာရှိနေသည်။ မမက သူ့ရဲ့လက်ကလေးများဖြင့် လီဆာ့ရဲ့မျက်နှာကိုကိုင်တွယ်လာသည်။

" ကြည့်ပါဦး မမရဲ့ကလေးလေး လာလာက လူကြီးတစ်​ယောက်ဖြစ်လာခဲ့ပြီ ငယ်ရုပ်မပျောက်ပေမယ့် ပိုပြီးချောမောလာလိုက်တာ အရပ်လည်းပိုရှည်လာတာပဲ မမ မော့ကြည့်နေရပြီ "

လီဆာ့မျက်နှာကိုလက်များဖြင့်အသာအယာတို့ထိရင်း မမကတဖွဖွပြောလာသည်။ မမရဲ့မျက်ဝန်းထဲမှာဝမ်းသာမျက်ရည်စများတွေရသလို လီဆာ့မျက်ဝန်းမှာလည်းမမနဲ့ထပ်တူပါပဲ။ လီဆာတို့နှစ်ယောက်ပတ်ဝန်းကျင်ကိုမေ့လျော့ကာနေမိသည်မှာ အခန်းထဲမှ ကလေးငိုသံကိုကြားလိုက်ရမှသတိပြန်ဝင်လာသည်။ လီဆာလည်းကလေးငိုသံကြောင့် မမကိုဖက်ထားသည့်လက်များကိုလွှတ်လိုက်လေသည်။

ပတ်ချယ်ယောင်းလက်ထဲက တစ်နှစ်သားအရွယ်အနှီးထုပ်နဲ့ကလေးလေးက သည်းထန်စွာဖြင့်အော်ဟစ်ငိုကြွေးနေလေသည်။ ချယ်ယောင်းကချော့မြူရင်းလမ်းလျောက်ထိန်းနေပေမယ့် ဘယ်လိုမှအငိုတိတ်မလာ ။ မမက ချယ်ယောင်းရဲ့အနားကိုသွားလိုက်ပြီ ချယ်ယောင်းချီထားတဲ့ကလေးကို လက်လွှဲယူကာပွေ့ချီလိုက်လေသည်။

A  word (Completed)Where stories live. Discover now