" အားလုံးတွေ့ရတာဝမ်းသာပါတယ်...ကျွန်မနာမည်ကိုတော့အားလုံးသိကြမယ်ထင်ပါတယ် ဒါပေမယ့်ထပ်ပြီးမိတ်ဆက်ပေးပါ့မယ် ပတ်ချယ်ယောင်းပါ "
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးဆိုတာကိုလီဆာအနည်းငယ်လက်ခံလိုက်သည်။ ဘာကြောင့်လဲဆိုတော့ အရှေ့မှာမြင်နေရတဲ့ မန်နေဂျာက လီဆာတို့ငယ်စဥ်ကျောင်းတက်တဲ့ကာလတုန်းက မမရဲ့အနားမှာအမြဲတမ်းတွေ့ခဲ့ရတဲ့ရွှေအိုရောင်ကောင်မလေးဖြစ်နေလေသည်။ ကမ္ဘာကကျဥ်းတာကိုဘာဖြစ်လို့အနည်းငယ်ပဲလက်ခံလည်းဆိုတော့ လီဆာ မမကိုမတွေ့ရသေးတာကြောင့်ဖြစ်သည်။မမကိုသာပြန်တွေ့ခွင့်ရမယ်ဆိုရင် ကမ္ဘာကြီးကျဥ်းတာကိုအလုံးစုံယုံကြည်မိမှာပါ။
" ဟိုတစ်နေ့က ကျွန်မရဲ့သမီးလေးဆေးရုံတက်ရတဲ့ကိစ္စကြောင့်...ရုံးတက်တာပျက်ကွက်သွားလို့တောင်းပန်ပါတယ်...အခုတော့အဆင်ပြေပြီမလို့...ရုံးတက်လာတာပါ...အားလုံးကိုအကူအညီတောင်းပါတယ် မန်နေဂျာဆိုပေမယ့်...အဖေက တာဝန်ယူခိုင်းလို့ရောက်လာတာပါ...မသိတာရှိရင်ကူညီသင်ပြပေးလို့ရပါတယ် "
ရုံးကဝန်ထမ်းတွေနဲ့ အသီးသီးမိတ်ဆက်ပြီးနောက် လီဆာ့ အလှည့်ကိုရောက်တော့ ပတ်ချယ်ယောင်းကအံ့သြသွားသည့်ပုံစံ မျက်လုံးလေးများဝိုင်းစက်သွားပြီး မှတ်မိသည့်အလား ခေါင်းတစ်ချက်ငြိမ့်ကာ အသိအမှတ်ပြုရင်း လက်ဆွဲနှုတ်ဆက်လာသည်။
" မတွေ့ရတာကြာပြီနော်...လီဆာ "
" ဟုတ်ပါရဲ့ ချယ်ယောင်း...အာ...မဟုတ်သေးဘူး မန်နေဂျာ...ပြန်တွေ့ရတာဝမ်းသာပါတယ် "
လီဆာ စိတ်ထဲ တကယ်ဝမ်းသာမိတာပါ။ ပတ်ချယ်ယောင်းကိုမမရဲ့အကြောင်းမေးရမယ်။ အိမ်ထောင်ကျပြီးကလေးလည်းရှိနေပြီဆိုတော့ မမနဲ့မဟုတ်ပဲတခြားတစ်ယောက်နဲ့အိမ်ထောင်ကျတာလား ဒါမှမဟုတ် မမနဲ့ပဲအိမ်ထောင်ပြုပြီး လီ ချက်ချင်းကြီးမေးလိုက်ဖို့ကလည်းအဆင်မပြေတာမလို့နောက်တစ်ခေါက်မှအေးဆေးမေးမည်ဟုတွေးထားလေသည်။
" လီဆာ...ငါတို့မန်နေဂျာအသစ်ကမိုက်တယ်နော်...ကျော့ရှင်းလှပပြီး ဆွဲဆောင်မှုရှိလိုက်တာ...အိမ်ထောင်ရှိပြီးကလေးလည်းရှိလို့...မဟုတ်ရင်ငါတို့ရုံးကကောင်လေးတွေကောင်မလေးတွေ သဲသဲလှုပ်နေမှာပဲ...အခုတောင်မန်နေဂျာအကြောင်းကရေပန်းစားနေတာ"
YOU ARE READING
A word (Completed)
Fanfictionတို့နှစ်ယောက်ရဲ့အခြေအနေကိုပြောင်းလဲဖို့ စကားလေးတစ်ခွန်းပဲလိုအပ်ခဲ့တာပါ။