Part ( 16 )

1.5K 120 10
                                    

     ဒီနေ့မနက်နိုးထလာတော့ ရင်ဘတ်နားက အောင့်တက်လာမှုနဲ့အတူခေါင်းကလည်းနာကျင်မှုကိုခံစားနေရသည်။ ခေါင်းကိုစမ်းကြည့်လိုက်တော့လည်း ပတ်တီးတွေကရှိနေသည်။ ပတ်ဝန်းကျင်ကိုသေချာကြည့်တော့လည်း မျက်နှာကျက်ဖြူဖြူနှင့် ဆေးရုံသုံးပစ္စည်းများကိုတွေ့ရသဖြင့် သူ ဆေးရုံကိုရောက်နေကြောင်း သဘောပေါက်သွားသည်။

" အား...ကျွတ်စ် ကျွတ်စ် နာလိုက်တာ "

လက်နှစ်ဖက်ကိုအားပြုပြီး ကုတင်ပေါ်မှာလဲလျောင်းနေရာမှ ထရန်ပြင်နေတုန်း ဆေးရုံအခန်းတံခါးကပွင့်လာပြီး လူတစ်ယောက်ဝင်လာလေသည်။

" ဟင်....သတိပြန်ရပြီလား....ဆရာဝန် ဆရာဝန်ခေါ်ရမယ် "

        ဆိုမီက ပြောလည်းပြော ပြေးလည်းပြေးကာ ဖြင့် အခန်းထဲမှလျင်မြန်စွာပြေးထွက်သွားပြန်သည်။ ဘာတွေဖြစ်ကုန်တာလဲ လီဆာစီစဥ်တွေးထားသမျှဘာမှမဖြစ်လာခဲ့တာလား လီဆာကအသက်ရှင်နေတာဆိုရင် မမကရော မမကဘယ်လိုဖြစ်နေပြီလဲ ။

     ကျိန်းသေပေါက် သူမသေဆုံးမည်။ မမကတော့သူ့ရဲ့နှလုံးသားဖြင့်အသက်ဆက်ရှင်သန်ခွင့်ရမည်လို့တွေးထားခဲ့ပေမယ့် အခုတော့လီဆာကမသေခဲ့ဖူးတဲ့လား။ မမအတွက်ဝမ်းနည်းမှုတွေဖြစ်ပေါ်လာကာ လီဆာရင်ဘတ်ကိုတဒုန်းဒုန်းထုရင်းငိုကြွေးနေမိလေသည်။

      " ဘ​ကြောင့်လဲ...ဘာကြောင့်ငါလဲ... ငါကဘာကြောင့်ရှင်သန်နေရတာလဲ....တကယ်ဆိုမမကသာအသက်ရှင်သန်နေသင့်တာလေ... ဘာလို့ငါစီစဥ်ထားသလိုဘာတစ်ခုမှမဖြစ်ရတာလဲ"

   
       ရင်ဘတ်ကိုထုကာငိုကြွေးရင်း လီဆာ စိတ်ဓာတ်ကျနေမိသည်။ လီဆာငိုနေတုန်း အခန်းတံခါးပွင့်သံကြားလိုက်ရပေမယ့် ဘယ်သူ့ကိုမှကြည့်ချင်မြင်ချင်စကားပြောချင်စိတ်မရှိတာမလို့ ရင်ဘတ်ကိုလက်ဖြင့်ဆုပ်ကိုင်ကာ နှုတ်ကနေ မမကိုတောင်းပန်သည့်အကြောင်းတဖွဖွပြောကာဖြင့်ငိုနေလေသည်။

         " လီဆာ...ဘာဖြစ်လို့လဲ နင်ဘယ်နားကနာနေလို့လဲ အရမ်းနာနေတာလား  ..."

        ချယ်ယောင်းရဲ့အသံကိုကြားလိုက်ရတာကြောင့် လီဆာမော့ကြည့်လိုက်ရင်း ပိုမိုဝမ်းနည်းလာရသည်။

A  word (Completed)Where stories live. Discover now