Episode 11🍀

793 41 1
                                    


"မမရော...."

ဥက္ခာမင်းမောင်ခမျာ မြန်မာပြည်ရောက်ရောက်ခြင်း သူ့အမဖြစ်သူ လာကြိုသည်ကို မမြင်၍ မေးလိုက်လေသည်...

"ဟို မမေက အခုကျောင်းမှာပါ။ကိုဥက္ခာကို ဂရုတစိုက်ခေါ်ခဲ့ဖို့ သေချာမှာလိုက်ပါတယ်ဗျာ့"

"မမကလဲ မောင်တစ်ယောက်လုံးတောင် လာမကြိုဘူး။စိတ်ကို ဆိုးပြစ်အုန်းမယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"မမရေ"

"အေးငါ့မောင် ရောက်ပြီလား"

"အိမ်မှာရောက်နေပြီ မမက ကျောင်းကပြန်မလာသေးဘူးလား။ဖုန်းတက်တာလဲ မကိုင်ဘူး"

"အို..စာသင်နေတာခုနက ကျောင်းဆင်းမှ တွေ့မယ်လေ။ခုတော့ မင်းအတွက်အခန်းရှင်းပေးဖို့ မှာထားတယ်လေ။ကြည့်ပြီးပြီးလား မင်းအခန်း"

"မောင့်ထက်တောင် စာသင်တာက အရေးကြီးနေတာ ဟွန့်"

"မင်းမိန်းကလေးလားကွယ်။ကြံဖန်ကောက်နေတာ ကျောင်းဆင်းရင်ပြန်ခဲ့မယ် ဟုတ်ပြီလား"

"ဟုတ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကဲ ထိပ်ထားလေး ဆရာမဒီနေ့ နားမယ်နော်"

"ဗျာ နေမကောင်းလို့လားဟင်။ကျွန်တော်ဆေးခန်းလိုက်ပို့မယ်လေ"

သူစိတ်ပူသွားတယ်ပေါ့လေ..ဒီကလေးမတော့ တို့ဆီက အမှတ်ယူနေတာကွယ်..

"ဟုတ်ဘူးရယ် တို့မောင်လေး နိုင်ငံခြားက အလည်ပြန်လာလို့လေ။ အဲတာ.."

"အော် ကိုကြီးဥက္ကာရောက်နေတာလား။ ကျွန်တော် နားလည်ပါတယ်။ရတယ်ဆရာမ  သေချာဂရုစိုက်ပြန်ပါဗျာ့"

"နေပါအုန်း မင်းနဲ့တို့မောင်သိနေကြတာလား။ဟိုကလဲ ထိပ်ထား ထိပ်ထားနဲ့ မင်းတို့နှစ်ယောက် ဘယ်လို‌ေတွလဲ"

"ကျွန်တော်က တစ်ဖက်သတ်ချစ်ရသူလေဗျာ။ဆရာမရဲ့တစ်ရက်တာသွားတဲ့နေရာကအစ သိနေမှ ရမယ်မလား။ဒါက စောင့်ကြည့်တာ မဟုတ်ပါဘူးနော်။ကျွန်တော် စိတ်မချလို့ စုံစမ်းခိုင်းထားတာပါ"

"အေးအေး လုပ်ကြလုပ်ကြ ကောင်းတယ်။ဟိုမောင်ကလဲ လူငှားပြီး စောင့်ကြည့်ခိုင်းထားတယ်တဲ့ ခုလဲ မင်းကရောကွယ်"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now