"ထိပ်ထားလေး ကျောင်းသွားမလို့လား""ကို ဥက္ကာ ကျွန်တော့်ဆီလာတာလား"
"ဟုတ်တယ်ဘူး"
"မနောက်ပါနဲ့ဗျာ။ချစ်ရသူနဲ့မတွေ့ရလို့ စိတ်မမှန်တော့တာလား"
"အော် မင်းက ဒီလိုပြောတယ်ပေါ့ဟျောင့်။မမနဲ့တိုင်မယ်"
"စတာစတာ။ဟဲဟဲ အနာဂတ်ကိုကြီးကလဲ"
"ကောင်းကောင်းဆက်ဆံနော်။ငါ့မှာ မင်း
ေကာင်းကြောင်း ပြောပေးထားရတာ""ချစ်သွားပြီဗျာ"
"တော်တော် အပိုတွေ။မင်းဒယ်ဒီရောရှိလား အန်ကယ်နဲ့တွေ့မို့ လာတာ"
"ဟင် ရှိဘူးလေ။ဒီအချိန်ဆို ဒယ်ဒီကအလုပ်မယ် သွားတွေ့လိုက်လေ"
"ဟုတ်လား မမက မပြောလိုက်ဘူး သေချာ"
"ဘာအကြောင်းရှိလို့လဲ"
"မင်းအကြောင်း မင်းအကြောင်း။မမက လွှတ်လိုက်တာ"
"ဟင် မေကလား။ဘာလို့လဲ"
"ဘယ်လို ဘယ်လို မေ။ဟားဟားး"
"အချစ်နဲ့ဝေးနေတဲ့သူတွေဆိုတော့လဲ ဒီလိုအခေါ်အဝေါ်တွေနဲ့ ဘယ်ရင်းနှီးမလဲဗျာ"
"တော်ပြီ။ဒဏ်ရာကို လာစွတယ်"
"ကိုဟိမ်းကို သွားတွေ့လိုက်ပေါ့ ကိုဥက္ကာခဲရာ"
"ဘာ!!"
"မှားတာ ကို ဥက္ကာ"
ထိပ်ထားစပ်ဖြီးဖြီးဖြင့်ဆိုလိုက်သည်။
"ငါ့မှာ မင်းနိုင်ငံခြားပညာသင်သွားဖို့ လာအကြံပေးတာကို အစော်ကားခံရတယ်။ပြန်မယ်"
"ဘယ်လို ဘယ်လို"
"ဟုတ်တယ်လေ မင်းဒယ်ဒီ မပြောဘူးလား"
"ဟင့်အင်း ကျွန်တော် မသိဘူး"
"အန်ကယ်က ပြောထားတာတဲ့ မမကို ။အဲကြောင့်လာပြောပြတာ"
"ကျွန်တော် မသွားချင်ဘူးဗျာ။အတူရှိနေတာတောင် အချစ်ကဝေးနေတာ ကျွန်တော်သာ သွားလိုက်ရင် မေက ကျွန်တော့်တောင် သိပါတော့မလား"
"အဲတာတော့ မင်းဒယ်ဒီနဲ့မင်းဆုံးဖြတ်လေကွာ။လာကူညီတောင်းတော့ ပြောပေးရမှာပေါ့။ဒါနဲ့လေ မမကို မေလို့ခေါ်တာ များနေပြီနော်။ဟိုကလဲ ထိပ်ထားကို ပါးစပ်က မချဘူး"
YOU ARE READING
အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"
Romanceရေခဲတုံးကို လက်ထဲကိုင်ပြီး အရည်ပျော်တာကို ကြည့်နေမိတယ်။ေရခဲရဲ့အေးစက်စွာတုံ့ပြန်မှုက ကိုယ်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုတောင် မမှီဘူး...မေ..🍀 #ထိပ်ထားမောင်🍀 သူငယ်ချင်းကောင်းရှိသည်မှာ အလွန်ရှားသည်လေ...ထိပ်ထား မင်းကံကောင်းပါတယ် ကလေးမရယ်။မိဘအချစ်တွေလ...