EPISODE 15🍀

730 34 1
                                    


"ဖြေးဖြေးမောင်းစမ်း ဥက္ကာရယ်"

"ပြိုင်ကားနဲ့ဖြေးဖြေးမောင်း...."

ဥက္ကာမှာ စကားတောင်မဆုံး သူ့မမရဲ့ အကြည့်တစ်ချက်နဲ့တင် ပါးစပ်လဲပိတ် အရှိန်လဲလျှော့ရလေသည်။

"ဟက်ဒါနဲ့ ကလေးမက မနက်ဖြန်က စပြီး လပတ်စာမေးပွဲဖြေမှာနော် နင်နဲ့ဂိမ်းတူတူဆော့နေတာ ငါသိတယ် မဖျက်ဆီးနဲ့ "

"ဘဝကို ပျော်တက်အောင် သင်ပေးတာပါ မမရဲ့"

"ဥက္ကာမင်းမောင်!!"

"ဗျာ..။သူ့မိန်းကလေးကို မဖျက်ဆီးဖို့ သဲသဲလှုပ် တားနေတာ အပြင်မှာတွေ့ရင်ကြ သစ်ရွက်စိမ်းတွေကပါ အမေခေါ်ရမယ်"

"ဟက် ဘာတွေပြောနေတာလဲ ပွစိပွစိနဲ့။ကျောင်းက ရောက်တော့မှာနော်"

"ဟုတ်ကဲ့ပါမမရဲ့။ကျွန်တော် မန္တလေးမြို့ရဲ့ လမ်းတွေကို မှတ်မိပါသေးတယ် မမကလဲ"

"ဟုပါပြီ ကိုရွှေမန်းသားရယ်။ရောက်ပြီ ကားထိုးပြီး လိုက်ခဲ့ "

"ဟုတ်ကဲ့ပါဗျာ့"

"မမမှာတာ မမေ့နဲ့နော် "

"ဘာမှာ...‌ဘြော် မမရယ် စာမေးပွဲတွင်းတော့ မဖျက်ဆီးပါဘူး"

"နောက်လဲ မဖျက်ဆီးနဲ့ ကလေးမက အစကတည်းက ဆိုးချင်နေတာ "

"ဟုတ်ကဲ့ပါဗျာ မမကလဲ တကယ်ဘဲ "

"သွားပြီသွားပြီ နောက်က လိုက်ခဲ့တော့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဝေ့ ထိပ်ထားရှိလား"

"ထိပ်ထားလား အကို ညီမနဲ့ လိုက်ခဲ့ သူဟိုဘက် အခန်းမှာ "

"ထိပ်ထား နင့်ကို အကို တစ်ယောက်က လာရှာတယ်"

"ဘယ်သူလဲ ဝတ်ရည်ရဲ့။"

"ဒါးဒါ..."

"ကိုဥက္ကာခဲ မှားလို့ ကိုဥက္ကာ မေနဲ့ လိုက်လာတာလား။မေ‌ကရော မပါလာဘူးလား"

"နင့်ကို တွေ့ဖို့လာတာက ငါနော်"

"နေပါအုန်း ကိုဥက္ကာကို မေးရအုန်းမယ် မနေ့ညက မေက ညဉ့်နက်ထိ မအိပ်ဘဲ ကို ဥက္ကာကို လိုက်ရှာနေတာ ကို ဥက္ကာ ဘယ်သွားနေတာလဲ"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now