ထိပ်ထားတစ်ယောက်တော့ ဖွင့်ပြောဖို့အတွက် ကျောင်းပြန်လာကတည်းက လေ့ကျင့်နေလေသည်လေ........." စိတ်လှုပ်ရှားလိုက်တာကွာ"
"ဒေါက်~ဒေါက်~"
"ဘယ်သူလဲ ဝင်ခဲ့လေ"
"ဟော ဘာတွေဖြစ်နာလဲ အခန်းလဲရှုပ်ပွနေတာဘဲ မာမီ့သမီးလေးရယ်"
"မာမီလာတာနဲ့ အတော်ဘဲ။"
ဒေါ်လှသင်္ဂီထွန်း ဘာလဲဆိုသည့်သဘောဖြင့် မေးငေါ့ပြလိုက်လေသည်။
"ဒယ်ဒီက မာမီ့ကို ဖွင့်ပြောတုန်းက ဘယ်လိုစခဲ့တာလဲဟင်"
"အို..ဒီကလေးနှယ့် ဘာတွေမေး"
"လုပ်ပါမာမီရာ ကျွန်တော်မေ့ကို ဖွင့်ပြောတော့မလို့"
"မင်းဟာက မြန်လှချည်လား"
"မေ့ကိုလိုက်နေသူတွေက ခပ်များများရယ် နောက်ကျကျန်ခဲ့မှာလဲ ဆိုးတယ် မာမီရာ။
အဲတာကြောင့် မနက်ဖြန်မွေးနေ့မှာ ဖွင့်ပြောမယ်လို့ ဆုံးဖြတ်ထားတယ်""မာမီပြောမယ်နော် ထိပ်ထား"
ထိပ်ထားလို့ခေါ်လိုက်သောကြောင့် မာမီဆုံးမတော့မယ်ဆိုတာ သိသဖြင့် မျက်နှာချင်းဆိုင်သို့ သွားကာ ထိုင်လိုက်လေသည်။
"အခုသမီးမှာ ဦးသစ္စာအောင်ရဲ့သမီးဆိုတဲ့ အရာဘဲရှိသေးတယ်။သမီးအဖေရဲ့အရှိန်အဝါကြောင့်သာ သမီးအရောင်ထွက်နေတာ။သမီးရဲ့ကိုယ်ပိုင်တောက်ပမှု မရှိသေးဘူး။သမီးမေမှာလဲ သူရည်ရွယ်ထားတဲ့သူ ရှိချင်ရှိနေလိမ့်မယ်။မာမီတို့အပိုင်တွက်လို့မရဘူး။ပြီးေတာ့ သမီးမေဟာ ဘဝမှာ တစ်ယောက်ထဲ ရပ်တည်နိုင်တဲ့သူ ၊အဘက်ဘက်က ပြည့်စုံနေတဲ့သူတစ်ယောက်။သူအားကိုးရလောက်တဲ့အထိ မာမီ့သမီးမှာ မပြည့်စုံသေးဘူး။အဲတော့ သမီးသိပ် မမျှော်လင့်ဖို့ဘဲ မာမီပြောချင်တယ်။"
"ကျွန်တော်လဲ သိပါတယ် မာမီရယ်။ကျွန်တော့ဘက်က ချစ်နေတာကိုလဲ မေ ရိပ်မိမှာပါ။"
"မာမီ့သမီးသဘောပါကွယ်။"
"ကျွန်တော့ဖြစ်တည်မှုကို လက်ခံပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။ဒါနဲ့လေ နည်းလမ်းလေး အလင်းပြပေးပါအုန်းဗျာ့"
YOU ARE READING
အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"
Romanceရေခဲတုံးကို လက်ထဲကိုင်ပြီး အရည်ပျော်တာကို ကြည့်နေမိတယ်။ေရခဲရဲ့အေးစက်စွာတုံ့ပြန်မှုက ကိုယ်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုတောင် မမှီဘူး...မေ..🍀 #ထိပ်ထားမောင်🍀 သူငယ်ချင်းကောင်းရှိသည်မှာ အလွန်ရှားသည်လေ...ထိပ်ထား မင်းကံကောင်းပါတယ် ကလေးမရယ်။မိဘအချစ်တွေလ...