Episode 12🍀

784 42 0
                                    


"မာမီ ကျွန်တော် မေ့ဆီ ခနသွားလိုက်အုန်းမယ်"

"ဟင် ဟိုက နင့်ခေါ်ထားလို့လား"

"မခေါ်ထားပါဘူး စာသွားမေးမို့"

"ဘယ်လိုဘယ်လို ငါ့နားထဲဘာဝင်သွားတာလဲ"

"မာမီကတော့ နောက်ပြီဗျာ"

"ကျွန်တော် မတွေ့ရတော့ လွမ်းလို့ပါဗျာ"

"ဟက် မနက်က ကျောင်းသွားတယ်မဟုတ်ဘူးလား မယ်ထိပ်ထားရေ။နင့်မွေးထားရတာလဲ ခပ်လန့်လန့်ရယ်။ ‌သမီးမေသာအဖြေပြန်ပေးရင် အိမ်ကိုကပ်မှာ မဟုတ်ဘူး "

"မာမီလဲ ဆုတောင်းပေးနော် မြန်မြန်အဖြေပြန်ပေးအောင်။ကျွန်တော်လဲ မေ အားကိုးနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားအုန်းမယ်"

"အော် မွေးရကျိုးနပ်လိုက်တဲ့သမီး။၅နှစ်
‌ေလာက်‌ေနမှ အဖြေပြန်ရပါစေအေ"

"သွားပြီ မာမီရေ"

"ကြွကြွ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"မမတို့က သိနေကြတာလားဟင်"

"သိယုံတင်ဘယ်ဟုတ်ပါ့မလဲ အရမ်းကိုရင်းနှီးခဲ့ကြတဲ့ သူစိမ်းတွေလေ"

"ဘယ်လိုကြီးလဲ မမရယ်"

"အဲလိုတော့ မပြောပါနဲ့ မေရယ် နှစ်ယောက်လုံး ချစ်ခဲ့ကြတယ်မလား"

ထိုသို့ ကိုဟိမ်းဝင်ကာပြောလိုက်သည်။

"မဟုတ်တာတွေ ပါ ဟယ်။ငါ့ဘက်ကဘဲ ချစ်ခဲ့ရတာပါ"

ကျယ်လောင်စွာပြောရင်း နာကျည်းသံတွေကိန်းအောင်းနေသည်ဆိုတာ နားထောင်သူတွေသာ သိကြလိမ့်မယ်....

"ဘာတွေဖြစ်နေကြတာလဲ"

ပြောသူမှာထိပ်ထား..အိမ်ပြင်ကနေ သူ့မေရဲ့အော်သံကြားလို့ ခွင့်တောင်မတောင်းနိုင်ဘဲ ဝင်လာခြင်းဖြစ်လေသည်။

"အကိုလဲ မသိပါဘူး ထိပ်ထားရယ်"

"မမ မင်းကိုမေးမယ် ဥက္ကာ။သေသေချာချာ‌ဖြေ ငါ့မောင်နဲ့ဟိမ်းမဟာထွန်းကို သဘောမတူဘူးဆိုရင် ငါ့မောင်ဘယ်လိုဆုံးဖြတ်မလဲ"

"ကျွန်တော်က မမရဲ့ ဆုံးဖြတ်ချက်တိုင်းကို
လေးစားတယ်။မမမှာ အကြောင်းတစ်ခုခုရှိလို့သာ ဖြစ်လိမ့်မယ်ဆိုတာ သိတယ်။ကျွန်တော် ချက်ချင်းတော့ မဆုံးဖြတ်ချင်ဘူး။အကြောင်းအရာကို အရင်သိပါရစေ"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now