Episode 7🍀

1K 58 1
                                    

"မာမီ ကျွန်တော့်ကို ဒီနေ့ ခွင့်တိုင်ပေးပါလားဗျာ"

"အငြင်းခံလိုက်ရတာလား ထိပ်ထား"

"ကျွန်တော်ကြိုတင်ပြင်ဆင်ပြီးသားမို့ မဆန်းပါဘူး မာမီရာ"

"ဒါ‌ဖြင့် ဘာလို့လဲ မှန်းဆန်း...."

ဟုဆိုကာ ‌နဖူးအား စမ်းကာကြည့်လိုက်လေသည်။

"ကိုယ်တွေ ပူနေပါလား သမီးငယ်လေးရယ်"

"ကျွန်တော် မနေ့ညက မိုးနဲနဲမိသွားတယ် မာမီ"

"ဆရာဝန်ခေါ်မှပါ ခနလေး ခနလေး မာမီ ဖုန်းသွားဆက်အုန်းမယ် "

"မာမီ.."

"အေး ပြောလေ"

"မေ့ကို အရင်ဖုန်းဆက်ပြောပေးပါနော်"

"အမယ်လေး ဒီမယားရူး‌ေလးကတော့နော်။ဆက်ပေးမယ်ဟေ့"

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

"ဟယ်လို"

"သမီးမေလား"

"ဟုတ်ကဲ့အန်တီ"

"အိမ်က သမီးလေ မနေ့ညက ပြန်လာတာ မိုးချုပ်တယ်ကွယ်။သိပ်ဆိုးတာဘဲ။မိုးမိလာတော့ ဒီနေ့ ဖျားပြီလေ ။ကိုယ်တွေကို ပူကျပ်နေတာဘဲ အာ့ကြောင့် လှမ်းခွင့်တိုင်တာသမီးရေ"

ထိပ်ထားမာမီတို့ကတော့ ဒရာမာတွေ ခင်းပေးတာ သူ့သမီးအတွက်....

"ဟင်..ကလေးက ဖျားနေတယ်ပေါ့ အန်တီ"

"ဟုတ်ပါ့သမီးးရယ် ဒါဘဲနော် အန်နေလို့ ဖုန်းချလိုက်တော့မယ်"

"အန်တီ ခန.."

"တီ~တီ~"

"ငါ သတင်းသွားမေးရမလား။အို သူ့မျက်နှာကို မကြည့်ရဲသေးဘူးကွယ်။ရှက်တာဘဲသိတယ်။"

"ဟေ့ ဘာတွေရေရွတ်နေတာလဲ"

"ပြောပြရအုန်းမယ် သူဇာရယ်"

"အပျိုကြီး အချစ်သစ်တွေ့တဲ့အကြောင်းကလွဲရင် နားမထောင်ချင်ဘူးနော်"

"တော်တော့ဆိုကွယ် နားမထောင်ဘူးလား"

"နောက်တာပါကွာ ဘာအကြောင်းများလဲ"

"ဟိုကလေး မနေ့က ဖွင့်ပြောတယ်..ဒီလို..ဒီလို"

(Skip part...🙌)

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now