အပိုင်း - ၁၁။

1.5K 89 3
                                    

" ညီမရေ အကြင်နာခွန်းရှိလား။ "

သစ္စာအပြင်ဘက်ထွက်ထိုင်နေခိုက် ဟိုတစ်နေ့ ကျောင်းမှာတွေ့ခဲ့သောမမအကြင်နာ၏ သူငယ်ချင်းလွန်းဟာအိမ်ရှေ့ရောက်လို့နေတယ်။

" မမအကြင်နာအိမ်မှာမရှိဘူးအစ်မလွန်း။"

" ဟုတ်လား။ သူဘယ်အချိန်ပြန်‌ရောက်မှာလဲကော
သိလား။ "

" ကျောင်းဖွင့်မှလေ...မမအကြင်နာကဟိုတီချယ်ဝါရဲ့ အိမ်သွားတာ အစ်မ။ "

တီချယ်ဝါဆိုလို့ လွန်းရင်ထဲခန ထိတ်ခနဲဖြစ်သွားသည်။ အကြင်နာသူဘာတွေလုပ်နေလဲဆိုတာမသိ။ အခုနောက်ပိုင်း သူအမူအယာတွေပြောင်းလာတာကိုတော့ လွန်းသတိထားမိ၏။

"တီချယ်ဝါဆိုတာ အင်္ဂလိပ်စာတီချယ်ပန်းခက်ဝါလား။"

"ဟုတ်အစ်မ။ အဲ့တီချယ်ပဲ။"

လွန်းအိမ်ခေါ်တာတောင် အနေရခက်လို့ဘာလို့နဲ့ ခနလေးတောင် လာမနေတဲ့ အကြင်နာက တီချယ့်အိမ်ကျသွားနေတယ်တဲ့။ ဒါဆိုအကြင်နာက တီချယ်နဲ့အရမ်းရင်းနှီးပုံရသည်။ ဘယ်လိုဖြစ်ပြီးတော့လဲဆိုတာ လွန်းနားမလည်နိုင်တော့။

" အစ်မ...ဟိုလေအစ်မတို့လမ်းထဲမှာ ကျောင်းက ပန်းချီ ဆရာမလေးရှိတယ်မို့လား။ "

ပန်းချီဆရာမလေးဆိုလို့ ခနစဥ်းစားရသည်။ နောက််မှ သတိရသွား၍ သစ္စာအားခေါင်းငြိမ့်ပြလိုက်ပါတော့သည်။

" ဘာလို့မေးလဲသစ္စာ။ သစ္စာလဲပန်းချီဆရာမကို.."

" ဟုတ်တယ်။ မမအကြင်နာလိုစိတ်မျိုးရှိနေတာလေ။"

"ဟင်...မမအကြင်လိုစိတ်မျိုး?။"

ပြောပြီးကာမှ ပါးစပ်ပိတ်လို့လဲမရ။ မမအကြင်နာအဲ့တီချယ်ကို ကြိုက်နေတာ အစ်မလွန်းမသိသေးဘူးထင်၏။ သို့သော်ယခုပြောလိုက်လဲဘာကိစ္စ့မှ ရှိတာမဟုတ် သူငယ်ချင်းတွေပဲဟူ၍ ဆက်ပြောလိုက်တော့သည်။

"မမအကြင်နာက တီချယ်ဝါကိုကြိုက်နေတာလေ။ အစ်မလွန်းကိုမပြောဘူးထင်တယ်။ သူကအရမ်းလျှိုတယ်။ သစ္စာတောင်အနေနီးပြီး ရိပ်မိသွားတာ။"

ရှေ့က သစ္စာပြောသည့် စကားကြောင့် လွန်းခြေတွေပါမခိုင်။ အဆုံးစွန်ထိကို အကြင်နာ တီချယ့်အပေါ် ထိုကဲ့သို့ စိတ်မရှိပါစေနဲ့ဟု တစ်ဖွဖွ တောင်းဆိုလဲမရတော့။ လွန်းထင်သည့်အတိုင်း ဖြစ်ခဲ့လေသည်။

ချစ်မိသွားချိန်၌Where stories live. Discover now