လွန်းစာရေးစားပွဲခုံကို ဘောပင်ဖြင့်တောက်၍ အတွေးလွန်နေသည်။ ယနေ့လဲ အကြင်နာကျောင်းမလာတာ ၃ရက်မြောက်။ အတန်းပိုင်ဆရာမကိုမေး
ကြည့်တော့ နေမကောင်းလို့ခွင့်တိုင်ထားတယ်တဲ့။ဟိုနေ့ကဖုန်းပြောနေတော့ တကယ့်ကိုအကောင်းကြီးပင်။ လွန်း တစ်ခုခုကို စိတ်ဆုံးဖြတ်ချလိုက်ကာ စာအပေါ်အာရုံထားလိုက်၍ နောက်ဆုံးအချိန် အင်္ဂလိပ်အချိန်ကို စောင့်မျှော်နေတော့သည်။
အင်္ဂလိပ်အချိန်ရောက်ပြီဖြစ်သော်လည်း လွန်းဘယ်လိုတီချယ်ဝါကို ခေါ်ပြောရမှန်းမသိ။ နောက်ဆုံးအတန်းလဲ ရောက်နေခြင်းကြောင့်ဖြစ်သည်။ ကံကောင်းချင်တော့ တီချယ်က အနောက်ဆုံးတန်းသို့ လာသည်။
" လွန်း...ဒီနေ့အကြင်နာမလာပြန်ဘူးလား။ "
ဘေးနားမှာလာရပ်ကာ မေးသည့်တီချယ်။ ဒါဆိုနောက်ဆုံးတန်းလာကာ မေးသည့်အကြောင်းအရာက
အကြင်နာတဲ့လား။ လွန်းသာ ဒီလိုဆက်တိုက်ကျောင်းပျက်ရင် တီချယ်က အကြင်နာ့ကိုဒီလိုမေးပါ့မလား။" ဟုတ်မလာဘူးတီချယ်။ ဟိုလေ..တီချယ်။ "
" အင်းပြောလေသမီး။ "
" တီချယ်ဝါရိပ်မိလား။ "
ဘယ်ကနေ ဘယ်လိုဒီလိုပြောလိုက်ရန်စိတ်ကူးပေါက်မိသွားလဲမသိခဲ့။ ဆက်ပြောဖို့ကို တွန့်ဆုတ်နေသည်မှာအမှန်။ ဒါမဲ့ အကြင်နာ့လုပ်ရက်အားတွေးလိုက်မိတာနှင့် အကုန်ပါးစပ်က ပြောပြီးနေပြီ။
" အကြင်နာတီချယ့်ကို ဆရာမတွေထက်ပိုနေတဲ့ ခံစားချက်တွေနဲ့ သဘောကျနေတယ်ဆိုတာလေ။ "
လွန်း တိုးတိုးတိတ်တိတ်ပြောတာကြောင့် အခြားမည်သူမှမကြားနိုင်ပါ။ ခုံတွေကလဲ ကပ်မနေဘူးလေ။ လွန်းလဲတစ်ယောက်ထဲ ထိုင်နေတာမို့။
" သမီးလွန်း...ဘာတွေပြောနေတာလဲ။ "
" သမီးအမှန်ပြောတာပါ။ အခုခေတ်ကဘယ်လိုတွေဖြစ်နေလဲ တီချယ်လဲသိလောက်မှာပါ။ တီချယ့်ကိုသူဆရာမထက်ပိုပြီးရည်းစားလိုသဘောကျနေတာ။ တီချယ်ယုံလားမယုံလားမသိပေမယ့် ဒါအမှန်ပါ။
ပြီးတော့မဖြစ်သင့်တာမဖြစ်ရအောင်လဲ ပြောပြတာပါ။ "
YOU ARE READING
ချစ်မိသွားချိန်၌
Non-Fictionသူငယ်ချင်းသဘောကျမိနေသော ဆရာမကိုအား ချစ်မိသွားချိန်၌။ အကြင်နာခွန်း × ပန်းခက်ဝါ