အပိုင်း - ၇။

1.5K 94 2
                                    

အကြင်နာကျူရှင်သွားရမည်ဆိုလျှင်ပျော်သည်။ တီချယ်ဖြင့် အေးအေးချမ်းချမ်း နှစ်ယောက်ထဲ နေတဲ့အချိန်ကထိုအချိန်ပဲဖြစ်သည်။ ယခုလဲ မေမေ့အားလိုက်မပို့ခိုင်းပဲ ကိုယ့်ဘာသာလာသည်။ ပြန်မှသာလျှင် လာကြိုဖို့ပြောလိုက်လေသည်။

ခြံရှေ့ရောက်တာနှင့် ဘဲလ်တီးတော့ ထွက်လာပါပြီအကြင်နာရဲ့နေရောင်ခြည်လေးတီချယ်ပန်းခက်ဝါ။ မျက်နှာလေးကို သေချာစိုက်ကြည့်မိတော့ ပါးတွင် သနပ်ခါးပါးကွက်ရေးရေး ရှိနေလေသည်။ အကြင်နာ့ကို ပြုံးပြကာ တခါးအားလာဖွင့်ပေးသည့် တီချယ့်အမှုအရာကိုတစ်ဆုံး လိုက်ကြည့်မိပါသည်။

"ယမင်းတို့ကလိုက်မပို့ကြဘူးလား။"

"တီတီယမင်းကို တမင်လိုက်မပို့ခိုင်းလိုက်တာပါ။"

အိမ်ထဲရောက်၍ စာစသင်ကြသည်။ တီချယ်ဟာစာနှင့်ပက်သက် လျှင်အလိုမလိုက်။ စာသင်ရင်ကျောင်းကလို ခပ်မာမာပုံစံဖြစ်သွားတက်လေသည်။

"သမိုင်းကကော မြန်မာ့သမိုင်းရပြီလား။"

"မရသေးဘူးတီချယ်။ ကမ္ဘာ့သမိုင်းပဲရသေးတယ်။"

"မြန်မာ့သမိုင်းကိုလဲ ကျက်ပါဆိုအကြင်နာကလေ။ အခုကျက်ထားနော်။"

မြန်မာသမိုင်းထက် ဆိုင်ရင်ကမ္ဘာ့သမိုင်းကို ပိုကြိုက်သည်။ ကိုယ့်နိုင်ငံသမိုင်းကြောင်း မကြိုက်တာလဲမဟုတ်။ ကမ္ဘာ့သမိုင်းကို အနဲငယ်ပိုကြိုက်လေသည်။

တီချယ်က စာကျက်ထားဆို၍ ခနထထွက်သွားသည်။ ကြည့်ရတာ ကော်ဖီဖျော်ဖို့သာထင်၏။ တီချယ် အမြဲလိုလို ညနေစောင်းတိုင်း ကော်ဖီသောက်တာ သတိထားမိလေသည်။

စာသာကျက်နေပေမယ့် နားကတော့တီချယ်ရှိရာသို့ အမြဲစွင့်ထားလေ့ရှိသည်။ ရုတ်တရက်'အ့' ဆိုပြီး တီချယ်အသံအားကြားရသည်။ အကြင်နာက မတ်တပ်ရပ်လိုက်ကာ ဘာများဖြစ်သလဲဟု တီချယ့်ဆီအပြေးအလွှားသွားမိပါသည်။

ဟိုရောက်တော့ တီချယ်က သူ့လက်မှာ တစ်ဖူးဖူးမှုတ်နေရှာသည်။ ကြည့်ရတာ အပူလောင်သွားသည့်ပုံ။

"တီချယ်ဝါ...အပူလောင်သွားတာလား။"

"ဟုတ်တယ်အကြင်နာရယ်...တီချယ်လဲဒီနေ့မှဘာဖြစ်နေမှန်းကိုမသိတာ။"

ချစ်မိသွားချိန်၌Where stories live. Discover now