အပိုင်း - ၁၄။

1.5K 90 4
                                    

" အကြင်နာ...ငါတို့စကားပြောကြမလား။ "

ကန်တင်း၌ ထိုင်နေခိုက် စကားအရင်လာစပြောသော လွန်း။ အကြင်နာလဲ ခေါင်းငြိမ့်ပြတော့ ဘေးကထိုင်ခုံကိုဆွဲယူကာ အကြင်နာဘေးတွင် ဝင်ထိုင်သည်။

" နင်ဘာလို့အခုလိုလုပ်ရတာလဲ? "

" တောင်း...တောင်းပန်ပါတယ်။ ငါတကယ်မရည်ရွယ်ခဲ့ပါဘူး။ "

" နင်အခုလိုတောင်းပန်ရုံနဲ့ ပြီးကောလား။ "

ပုံမှန်ထက်မတူပဲ အတော်လေသံမာနေသည့် လွန်းက အရမ်းဒေါသထွက်နေပုံ။ လွန်းက ဒေါသထွက်ရင်လဲ တကယ်ကြောက်ဖို့ကောင်းတာအမှန်။ အပြစ်လုပ်မိတဲ့လူက အကြင်နာဆိုတော့ ဒေါသထွက်တာနဲ့တင် ကြောက်နေရသည်။

" ငါတကယ်မရည်ရွယ်ခဲ့ဘူးလွန်း။ တောင်းပန်တာနဲ့ မရည်ရွယ်ခဲ့ဘူး ဆိုတာကလွဲလို့ငါမှာပြောစရာစကားတောင် မရှိတော့ပါဘူး။ "

ဘာမှဆက်မပြောပဲ ထထွက်သွားတဲ့လွန်းကိုသာ
ကြည့်ရင်း တွေတွေလေး နေမိတော့သည်။ အကြင်နာလက်ခံပါတယ်။ အကြင်နာမှားယွင်းနေတယ်ဆိုတာ။
ဒီလိုကိစ္စ မဖြစ်အောင် ကိုယ့်စိတ်ကိုရအောင်တားသေးတာပဲလေ။

လွန်း နဲ့ အကြင်နာစိတ်ဆိုးနေကြသည်မှာ တစ်လပင်ရှိတော့မည်။ လွန်းက အကြင်နာ့ နားမထိုင်ပဲ အခြားအတန်းကိုတောင် သွားပြောင်းထိုင်သည်။ အကြင်နာ့ ဘေးမှာလဲ အခြားတစ်ယောက် ရောက်ရှိလို့လာသည်။

တီချယ်ဖြင့် ဆက်ဆံရေးမှာလဲ ပုံမှန်တိုင်းပါပင်။ ပိုလဲမပိုသလို လျော့သွားတာလဲမရှိ။ ပိုရင်းနှီးသွားတာတော့ရှိပေသည်။

"အစောကြီး ရောက်လာပြန်တယ်။ "

ကျူရှင်ချိန်မရောက်ခင် နာရီဝက်လောက် တီချယ့်အိမ်ကြိုကြိုသွားနေတာ တစ်ပတ်လောက်တောင်ရှိပြီ။

" ဒါပဲအမြဲနေပြောနေတယ်တီချယ်။ အိမ်မနေချင်လို့ စောစော လာတာပါဆိုနေ။ "

" သိပါတယ်။ ပြောမယ်ဆိုတာပဲ ဒေါ်စွာစိလန်။ "

နာရီဝက် အမြဲကြိုကြိုလာတက်တဲ့ အကြင်နာ။ အိမ်နဲ့လဲ အဆင်မပြေတာမရှိဘူးလို့ သိထားပေမယ့် အမြဲစောစော လာတက်သည်။ တစ်ခါတစ်လေ ထိုကလေးမက လူကိုစေ့စေ့ကြည့်နေတက်သည်။ ထိုအခါ အနဲငယ်တော့ နေရခက်သည်။ လွန်း ဟိုတစ်ခေါက်က ပြောသည့် စကားကြောင့် နှင့် အကြင်နာ့ပုံစံက Lesbian ပုံ ၊ ဟိုတစ်လောကလဲ ယောကျ်ားလေးတွေစိတ်မဝင်စားဘူးဟု သူကိုယ်တိုင်ပင် ပြောတာမို့ ရင်ပူ၍ အကြင်နာအား နဲနဲရှောင်ရသည်။ နောက်တော့လဲ လွန်းအထင်မှား၍ အကြင်နာကရိုးရိုးသားသား စိတ်ပဲ ရှိမည်ထင်၍ နဂိုတိုင်း ပြန်နေလိုက်ပါသည်။

ချစ်မိသွားချိန်၌Where stories live. Discover now