"အကြင်နာ ကျူရှင်သွားဖို့လုပ်-"
ကျူရှင်သွားရန် သမီးဖြစ်သူကို လာပြောရာမှ အကြင်နာက အရင်သွားဖို့အဆင်သင့်ဖြစ်နေလေပြီ။
"သမီးကအဆင့်သင့်ဖြစ်ပြီ... မေမေတို့သာ မပြီးတာ။ နောက်နေ့သမီးဘာသာ သွားမယ်မေမေ။"
ကိုယ်အမေကိုယ်ပြန််ဆူ၍ စိတ်တိုင်းမကျဖြစ်နေသော သမီးဖြစ်သူကိုကြည့်ရင်း အံသြနေမိသည်။ ဒီလောက်ပြောင်းလဲသွားတဲ့ အကြင်နာခွန်းပါလေ။
တီချယ့်အိမ် ရောက်တာနှင့် မေမေက အပြန်ကျမှတီချယ်ဖြင့် စကားပြောမည်ဆို၍ အိမ်ပေါက်ဝထိပဲ ပို့ပေးခဲ့သည်။ အထဲကတီချယ်ဟာ ထွက်လာသည်။
တီချယ်ရဲ့ အိမ်နေရင်း ပုံစံလေးက အရမ်းလှပေသည်။ အိမ်မှာနေတာတောင် လုံလုံခြုံခြုံ မြန်မာဝတ်စုံကိုသာဝတ်ထားသည်။ အပေါ်အင်္ကျီအပြာပွပွဖြင့် အောက်က အပြာနုရောင် ထမိန်လေးဖြင့်။ ဆံပင်ကိုလဲ ကျောင်းမှာလိုဆံထုံးမထုံးပဲ စီးကာချထားသည်။"အကြင်နာမရတဲ့သင်္ချာတွေကြည့်ထားဦး။ တီချယ်နောက်ကလက်စသတ်စရာလေးရှိလို့။ ပြန်လာရင်ရှင်းပြမယ်။"
ပြောချင်တာကိုပြောပြီး မီးဖိုးချောင်ထဲဝင်သွားသည့်တီချယ့်ကို တစ်ဆုံးလိုက်ကြည့်မိသည်။ ပြီးမှ အကြင်နဲ့တီချယ် နှစ်ယောက်ထဲ တူတူရှိနေတယ်ဆိုတဲ့အသိက အကြင်နာ့အားပိုရင်ခုန်စေသည်။ တီချယ်နဲ့ နှစ်ယောက်ထဲ အတူတူရှိခြင်းဟာ ဒါနဲ့ဆိုဒုတိယအကြိမ်ပဲရှိသေးသည်။
"ကဲအကြင်နာဘယ်ဟာတွေမရဘူးလဲတီချယ့်ကိုပြ။"
မီးဖိုချောင်က ထွက်လာပုံရသည့်တီချယ်က စီးကာချထားသော ဆံပင်အား ကလစ်ဖြင့်ဆံထုံးလိုမျိုးစုစည်းကာ ညှပ်လိုက်သည့်ပုံစံအတော်လှသည်။ မိန်းကလေးတွေ ဆံပင်စီးတဲ့ချိန်က လှတယ်ဟူသောစကားကို တီချယ်ဖြင့်တွေ့မှာပင်အကြင်နာအသေအချာသိတော့သည်။
"ငေးနေပြန်ပြီ။ အကြင်နာတော့နော်။"
"ရှင်...အဲ..ဟိုမဟုတ်ပါဘူး။"
"ကဲထား။ အခုစာလုပ်မယ်။"
တီချယ်ဖြင့်သင်္ချာမရသည့်အပုဒ်တွေကို စတွက်လိုက်သည်။ ဘက်စုံလဲတော်တဲ့ တီချယ်ပါလေ။ စာမေးပွဲတွက်က သင်္ချာထက် အင်္ဂလိပ်စာပိုလို့ပင် စာများနေလျက်ရှိသည်။ ဒါဟာလဲ တီချယ်က အခြားဆရာမတွေနဲ့မတူ စာပိုမေး ၊ စာပိုပေးသည်။
YOU ARE READING
ချစ်မိသွားချိန်၌
Kurgu Olmayanသူငယ်ချင်းသဘောကျမိနေသော ဆရာမကိုအား ချစ်မိသွားချိန်၌။ အကြင်နာခွန်း × ပန်းခက်ဝါ