( UNICODE )
( သူသာမြတ်နိုးရာ )
နယူးယောက်တွင်တစ်ယောက်တည်းကျန်ခဲ့ရသောဂျောင်ကုသည် ဘော်ဒါတွေမပြောနဲ့ရည်းစားဆီကပင် ထားရစ်ခဲ့ခြင်းခံလိုက်ရ၍ အချိန်ရှိသရွေ့ဟိုတယ်ရှိဘားလ်ကောင်တာတွင်သာ အချိန်ကုန်ဆုံးနေရသည်။
စီစဥ္ထားခဲ့သမျှက ဒီလိုတွေဖြစ်လာဖို့မဟုတ်ဘူး။ဒါပေမယ့်လည်း ဖြစ်ပြီးသွားပြီ။အရှက်တွေလည်းကွဲပြီးသွားပြီ။ပြဿနာနဲ့
ဂျွန်ဂျောင်ကုက အမွှာတွေလိုဖြစ်နေပြီဆိုသော်လည်း ဒီတစ်ခေါက်ပြဿနာကပိုကြီးတယ်။ဘော်ဒါတွေရော ရည်စားဟောင်းတွေရောပါးစပ်ဖျားမှာ ကိုယ့်အကြောင်းကသတင်းတစ်ပုဒ်ဖြစ်ချင်ဖြစ်နေလိမ့်မယ်..မဟုတ်လည်းအပုတ်ချစရာအတင်းအဖျင်းတစ်ပုဒ်သာသာဖြစ်နေမှာပေါ့။ဘယ်လိုစိတ်နဲ့ပြောနေကြမလဲ ကိုယ်မှမသိနိုင်တာ။
အကြီးအကျယ်တွေစီစဥ္ထားပြီးမှ အကုန်တလွဲဖြစ်သွားရတာဘာကြောင့်လဲ။လက်စွပ်လေးတစ်ကွင်းကိုတောင်မထိန်းသိမ်းနိုင်တဲ့ကိုယ့်ပေါ့လျော့မှုကြောင့်များလား။ဒါမှမဟုတ် လက်ထပ်ခွင့်အတောင်းခံရမှာကို
ပုံကြီးချဲ့ပြီး အကြွားလွန်ခဲ့တဲ့သူမကြောင့်လား။ဟုတ်တာပေါ့ ကိုယ့်ကြောင့်မဟုတ်ပဲ သူမကြောင့် အရှက်တွေကုန်ခမ်းခဲ့ရတာ။သူမသာ အိန္ဒြေရရနှုတ်လုံခဲ့မယ်ဆို.!မိန်းမပြီပြီသသမကြွားဝါလွန်းခဲ့ဖူးဆို.!ကိုယ်ဟာ ရည်းစားဟောင်းတွေကြားမှာ လူပေါကြီးဖြစ်စရာဘာမကြောင်းမှမရိှဘူး။
မိန်းမတွေက တကယ်ခက်တယ်။
ထို့ကြောင့် စိတ်ရှုပ်မိန်းမတွေအစား အမျိုးသားလေးတစ်ယောက်ကိုပဲ လက်ထပ်ယူတော့မယ်လို့ ကြံကြံဖန်ဖန်တွေးမိလိုက်သေးတာပါ။ဒါပေမယ့် မယူပါဘူး။ဂျွန်ဂျောင်ကုက ဓာတ်တိုင်လိုအဖြောင့်စစ်စစ်ကြီးလေ။ယောကျာ်းယူစရာလား။
ဒီလိုယောကျာ်းယူဖို့ထိတွေးနေခဲ့တဲ့ဂျွန်ဂျောင်ကုဆီ အမှတ်မထင်ဖုန်းကောလ်တစ်ခုရရှိခဲ့လေတယ်။အဲ့ဒါက ရှင်းချောင်းတို့ကတုံးညီနောင်ဆီကဖြစ်ပြီး သခင်လေးချစ်သူအိမ်တော်မှာရောက်နေပြီဆိုပြီးတော့လေ။အစမရှိအဆုံးမရှိသတင်းပေးမှုကြောင့် သခင်လေးသည်ချက်ချင်းအဝတ်အိတ်ပြင်ကာ လေဆိပ်ဆင်းဖို့လုပ်တော့သည်။
![](https://img.wattpad.com/cover/354138013-288-k283756.jpg)