သူသာ မြတ်နိုးရာ(လေး)

2.6K 237 146
                                    

( UNICODE )

( သူသာမြတ်နိုးရာ )

အောက်တိုဘာ(၁၃)ရက်နေ့ သောကြာနေ့တွင် သူတို့နှစ်ယောက်လက်ထပ်ပြီးစီးခဲ့ပါပြီ။တရားခံသည် ကိုယ့် အဖွားဖြစ်နေခဲ့ရုံလေးပါ ဟိ။

ထိုနေ့က ရက်ရာဇာကျတယ်၊ရက်ကောင်းတယ်ဆိုပြီး ထိုနှစ်ယောက်ကိုအန္တာရယ်ကင်းအဆောင်လုပ်ရမယ်၊အလှူလုပ်ပေးရမယ်ဆိုပြီး တောင်ပေါ်ဘုန်းကြီးကျောင်းဆီကိုအတင်းဆွဲခေါ်သွားခြင်းခံခဲ့ရပြီး ဘုမသိဘမသိပေးစားခြင်းခံခဲ့ရပါတယ်။

-------------

* မြေးဂျွန် မနက်ဖြန်ကစပြီး ခြံထဲဆင်းဖို့လုပ်တော့ *

* ဗျာ..! *

ရုတ်တရပ်ကြီး ငါ့အဖွားနှယ့်ဘယ်လိုစိတ်ကူးတွေရပြန်ပြီလဲလို့ အဓိပ္ပာယ်ရတဲ့မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ အဖွားကိုပြန်ကြည့်လိုက်မိ၏။
ဒါပေမယ့်အဖွားကတော့ တည်သီးခြောက်ယိုအစားပင်မပျက်။

သူ့ဘေးတစ်ဖက်က သေးသေးလေးကိုလှည့်ကြည့်လိုက်တော့လည်း အဖွားနည်းတူ အစားနဲ့ပါးစပ်ကမပျက်သလို ရေနွေးကြမ်းပန်းကန်လေးကိုတောင်ကိုင်ထားလိုက်သေးသည်။

* အဖွား ဒါကဘယ်လိုစကားလဲဗျာ ကျွန်တော်ခြံထဲမဆင်းနိုင်တာသိရက်နဲ့ အဖွားကလုပ်ပြန်ပြီ *

နှာခေါင်းလုံးကို ရှုံ့လိုက်ပွလိုက်လုပ်နေရင်း ဂျီကျသည်လည်းမဟုတ်ဘဲ မကြီးမငယ်နဲ့ဂျီတိုက်နေခဲ့လေသည်။သို့သော်အဖွားကတော့
နည်းနည်းလေးမှအရေးစိုက်ပုံမပြပါ။

* အိမ်ထောင်သည်ပဲဖြစ်နေပြီ ဟိုအလုပ်မလုပ်ချင်ဘူး!ဒီအလုပ်မလုပ်ချင်ဘူးရွေးနေလို့ရမလား!လူပျိုလေးလည်းမဟုတ်တော့ဘူး အိမ်ထောင်ဦးစီးလုပ်ရတော့မှာပေါ့ *

* ဖွားဖွား!! *

သည်တစ်ခါအသံသည် တစ်ယောက်တည်းရဲ့အသံမဟုတ်တော့ပါဘူး။နှစ်ယောက်လုံးသည် မျက်လုံးတွေပြူးကျယ်သွားရကာ တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်လိုက်ကြတော့သည်။

သူတို့ကိုယ်တိုင်တောင် မသိလိုက်ရဘဲနဲ့ဘာတွေဖြစ်ကုန်ကြတာလဲ။ဘယ်တုန်းကလက်ထပ်လိုက်ကြလို့ အိမ်ထောင်သည်ဖြစ်သွားရတာလဲ?!။

သူသာ မြတ်နိုးရာ(completed)Where stories live. Discover now