သူသာ မြတ်နိုးရာ(ငါး)

2.4K 227 107
                                    

( UNICODE )

(သူသာမြတ်နိုးရာ )

* ဖွားဖွား ကျွန်တော့်ယောကျာ်းရော *

မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ယောကျာ်းကို
စရှာပြီ။ညအိပ်ဝတ်စုံပင် မလဲရသေးသလို ဆံပင်တွေဟာလည်း တစ်ခေါင်းလုံးဖွာလန်ကြဲရင်းထိုးထိုးထောင်ထောင်နှင့်။

မျက်နှာပင်မသစ်ရသေးကာ မီးဖိုချောင်ထဲထိရောက်ချလာသောမြေးညစ်ပတ်ကို အဖွား
ကမနိုင်သလိုကြည့်လိုက်ပြီး ခေါင်းခါရှာ၏။မချစ်ပေလို့သာပဲ ဒီလောက်ထိအကဲပိုနေတာ
ချစ်များသာချစ်ခဲ့ရင်တော့...။

* မိုးလင်းတာနဲ့မျက်နှာက မသစ်ရသေးဘူး
ယောကျာ်းပ​ဲသိတတ်နေ *

ဖွားကမျက်စောင်းထိုးပစ်ရင်း ခပ်ငေါက်ငေါက်လေးစကားသံမာပစ်လိုက်တော့ ​လူဆိုးမှာပါးလှပ်လှပ်နှုတ်ခမ်းသားတစ်စုံကို စူထော်ပြလာသည်။ယောကျာ်းသာရသွားတာ လုပ်နေပုံကိုက ကလေးစိတ်မကုန်သေးတဲ့ဆိုဒ်နဲ့။

ဒီပုံအတိုင်းသာဆို ငါ့မြေးယောကျာ်းက ငါ့မြေးကိုပြန်ထိန်းကျောင်းရမယ့်အလားအလာမှာရှိနေပြီ။မတတ်နိုင်ဘူး အိမ်မနိုင်အဖွားမနိုင်လေးကို ဒီအဖွားကြီးမှမနိုင်တာ (ဒီ)သည်တော့ယူထားတဲ့ယောကျာ်းကဆက်ထိန်းပေါ့။

* ဖွားဖွားကလည်း *

* သွား..မျက်နှာသွားသစ် *

မျက်စောင်းထိုးကာ တစ်ဖက်လှည့်သွားတဲ့ဖွားကြောင့် ဂျောင်ကုသည် နှုတ်ခမ်းတစ်ဝှိုက်ကခြောက်ကပ်ကပ်အရည်စီးကြောင်းတွေကိုလက်နဲ့ပွတ်သပ်လိုက်ရင်း သူ့အဖွားနောက်ကို
လျှောက်လိုက်နေတော့၏။

* ကျွန်တော့်ယောကျာ်းရောလို့ *

* အာရီဂူး!!မင်းယောကျာ်းရှိပါတယ် *

ဖွားလည်းစိတ်မရှည်နိုင်တော့ဘူး။မြေးဂျွန်နေရာမှာ ဟိုကတုံးညီနောင်သာဆို ငယ်ထိပ်ကိုလက်ဆစ်စာကျွေးပြီးသွားလောက်ပြီပေါ့။

* ဘယ်မှာလဲဖွားဖွား *

ိသို့သည်တိုင် မရမကကို ထပ်မေးပြန်တာမို့ ဖွားရဲ့မျက်မှောင်ကုပ်ကုပ်အကြည့်ကိုလက်ခံရလိုက်ပြီး သည်(ဒီ)နေ့တော့မြေးဂျွန်တစ်ယောက်အရိုက်ခံရတော့မယ်ထင်တယ်။

သူသာ မြတ်နိုးရာ(completed)Where stories live. Discover now