2

641 100 7
                                    

( Autumn / Niki )

" ဂျီဂျီရေ အိမ်ရှေ့မှာ ကားရောက်နေပြီနော် "

နှုတ်ခမ်းနီကို ရဲတယ်ဆိုရုံလေး နှုတ်ခမ်းပေါ် တင်လိုက်ပြီး မေမေ့စကားကို တုံ့ပြန်ဖို့ အခန်းအပြင်ကို ထွက်လာလိုက်တယ် ။

" ဘာပြောသွားသေးလဲ မေမေ "

" အာမခံမီးလုံးတွေ လဲပေးထားတယ်တဲ့ ၊ စက်အကြောင်းတွေ ပြောသွားပေမယ့် မေမေလည်း သေချာမသိဘူး ။ ကားကို သတိထားပြီး မောင်း "

မေမေ့ကို နှုတ်ဆက်ပြီး အိမ်အပြင်ထွက်လာခဲ့လိုက်တော့ တစ်ပတ်လောက်ခွဲထားရတဲ့ ဂျီဆူးရဲ့ ချစ်လှစွာသော ကားလေးက အဆင်သင့် စောင့်ကြိုနေတယ် ။ အဖြူရောင်လေးနဲ့ သန့်ပြန့်နေတာကို တွေ့တော့ မနေ့ညက ပြိုင်ကားအနီလေးကို ဖျက်ခနဲ သတိရသွားတယ် ။

" ဂျီဂျီရေ ၊ အပြန် လမ်းကြုံရင် နီနီတို့ အိမ်ကို ဒါလေးတွေ ဝင်ပို့ပေးဦး "

မနေ့ညက ထည့်ပေးလိုက်သလိုမျိုး ချက်ထားသမျှကို ပြည့်နေအောင် ပြန်ထည့်ထားတဲ့ အထုပ်က ဂျီဆူးရဲ့ကားပေါ်ရောက်လာတယ် ။ သေချာပေါက်ကို ကျောင်းနဲ့ သူတို့အိမ်က လမ်းကြုံနေတာမှ မဟုတ်ဘဲ ၊  တစ်ကွေ့ကြီး ပတ်သွားနေရမှာကို ။ ဒါပေမယ့်လည်း ဝင်ပေးရမှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ ။

" ညနေ သွားသောက်ရအောင် "

" Cool "

လီဆာ့စကားကို အကုန်သဘောတူကြပေမယ့် ဂျီဆူးကတော့ သဘောမတူရဲဘူး ။ ကားထဲက ဟင်းထုပ်ကို သတိရသွားတာ ။

" ဂျီဆူး ? "

" ငါလိုက်ဖို့ အဆင်မပြေဘူး ထင်တယ် ၊ အမေ့သူငယ်ချင်းအိမ်ကို ဝင်ပို့စရာရှိသေးတယ် "

" ဪ ဒါလေးများ ၊ ငါတို့ နင်နဲ့ လိုက်ခဲ့မယ်လေ ။ ဝင်ပို့ပြီးမှ ဆိုင်ကို ဆက်တာပေါ့ ဘယ့်နှယ့်လဲ "

မီယွန်းရဲ့ စကားကို လက်ခံလိုက်သင့်ရဲ့လား ။ သူတို့က ဟိုကလေးအိမ်မှန်း မသိဘူးလေ ၊ ဟိုကလေးကရော သူအဲ့လောက်ချမ်းသာတာကို လူသိစေချင်ပါ့မလား ။ မသိစေချင်လို့တောင် ဖြစ်သလို လာတာ မဟုတ်ဘူးလား ။

လားပေါင်းများစွာပါဝင်တဲ့ မေးခွန်းတွေက ဂျီဆူးရဲ့ ခေါင်းထဲ ဖြတ်ပြေးသွားတယ် ။

Moon And BackWhere stories live. Discover now