7

666 90 10
                                    

" ဂျီဆူး အဝေးကြီး မသွားရဘူးနော် "

မြက်ခင်းပေါ် အခင်းကို သပ်သပ်ရပ်ရပ်ခင်းပြီး စားစရာတွေ နေရာချနေတဲ့ အမေ့ကို ခေါင်းငြိမ့်ပြလို့ ဘေးက လက်သေးသေးလေးကို တင်းနေအောင် ဆုပ်ကိုင်လိုက်တယ် ။

" ဂျီချူး လိမ္မော်ရည် "

ဂျိန်းက လက်ထဲက လိမ္မော်ရည်ဘူးကို ဂျီဆူးရှေ့ ပို့ပေးတယ် ။ ဂျိန်းအတွက် ဝယ်လာတဲ့ ဝက်ဝံပုံ သော့ချိတ်လေးကို လက်ထဲ ဖွက်သိမ်းထားရင်းကနေ သူ့ကို ပေးလိုက်တော့ သွားသေးသေးလေးတွေ ပေါ်အောင်အထိ ပြုံးလာတဲ့ ကလေးမကို သဘောတကျနဲ့ ပြုံးကြည့်နေမိတယ် ။

" နောက် မမ အလုပ်ရတဲ့အခါ ဂျိန်းကို ဒီထက်ပိုကောင်းတဲ့ မွေးနေ့လက်ဆောင်ပေးမယ်နော် " မွေးနေ့လက်ဆောင်ပေးမယ်နော် "

" ဟုတ် "

" ဂျိန်း "

" စီနီယာ ... "

မျက်လုံးမဖွင့်ခင်ကတည်းက နားထင်ဆီက ထိုးကိုက်နေတဲ့ ခေါင်းကိုက်ဒဏ်ကို အရင်ဆုံး အလူးအလဲခံရတယ် ။

" စီနီယာ "

" ရူဘီ "

ကြောင်ပေါက်လေးတစ်ကောင်လို မျက်လုံးမျိုးကို ပိုင်ဆိုင်ထားတဲ့ ရူဘီရဲ့ အကြည့်တွေထဲမှာ ဂျီဆူးကို စိတ်ပူနေတဲ့ အဓိပ္ပာယ်တွေ အပြည့်အဝမြင်နေရတယ် ။

" အန်တီ့ကို လှမ်းခေါ်ထားတယ် စီနီယာ ၊ ရောက်တော့မယ်လို့ပြောတယ် "

" ဂျိန်း "

သူ့ကို ခေါ်လိုက်တာတော့ မဟုတ်ပါဘဲ သူက မျက်ဝန်းတွေ ဝိုင်းစက်သွားတယ် ။ တကယ်ကို ဂျီဆူး မြင်လိုက်တဲ့ ပုံရိပ်ထဲက ကလေးလေးက သူပဲလား ။

" စီနီယာ "

" ဂျီဂျီ "

အမေ့အသံကို ကြားမှ အဲ့ဒီ့မျက်ဝန်းညိုလေးတွေဆီက အကြည့်လွှဲလိုက်နိုင်တယ် ။ ပြီးတော့ ဂျီဆူးရဲ့ လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားသေးတဲ့ ရူဘီ့ရဲ့ လက်တစ်ဖက် ။

" မူးလဲတယ်ဆို ၊ ဘယ်လိုဖြစ်ရတာလဲ "

အပြင်မှာ နှင်းတွေကျနေတဲ့ပုံပဲ ။ အမေ့ရဲ့ ကုတ်အင်္ကျီမှာ နှင်းစလေးတွေ ကပ်ပါလာတယ် ။

Moon And BackWhere stories live. Discover now