8

651 93 8
                                    

Recommended song - ( My Dear // D.O. )

" ဂျီဂျီရေ မထသေးဘူးလား ၊ ကျောင်းပိတ်ပြီဆိုတိုင်း အိပ်နေလိုက်တာ "
" လုပ်ငန်းခွင်ဝင်ရင် ဘယ့်နှယ်လုပ်မလဲ "

မနေ့ကမှ စာမေးပွဲပြီးလို့ ပျော်ပျော်ရွှင်ရွှင်လေး အိပ်ပျော်သွားတာကို ။

အခန်းရှေ့က အမေ့ရဲ့ ပွစိပွစိနဲ့ ဆူပူနေတဲ့ အသံ ၊ ပြီးတော့ အခန်းတံခါး ငြင်ငြင်သာသာပွင့်လာတဲ့အသံ ၊ အခန်းထဲကို ဝင်လာတဲ့ ခြေသံ ၊ အခန်းထဲမှာ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို မြင်ရင်တော့ ဆူညံပူညံတွေ ထပ်ကြားရဦးမှာပေါ့ ။

ဒါပေမယ့် ပစ္စည်းတွေကို သိမ်းပေးနေတဲ့ အသံက လွဲပြီး ဘာမှ ထပ်မကြားရဘူး ။ နောက်ဆုံးတော့ အစ်မကြီးကင်မ်လည်း စာလုပ်ရတာ ပင်ပန်းကြောင်း နားလည်သွားတာ ထင်ပါတယ် ။

ဒါပေမယ့် တကယ် ဘာသံမှ မကြားရတာက ပိုထူးဆန်းနေသလိုပဲ ။ မျက်လုံးဖွင့်ကြည့်လိုက်တော့ အမေနဲ့ မတူတဲ့ ကျောပြင်တစ်ခု ။

" နိုးပြီလား စီနီယာ "

ဂျီဆူးကို ပြုံးပြနေတာက ရူဘီပဲ ။ အိပ်ချင်မူးတူးကနေ အနည်းငယ် အသိစိတ်ဝင်လာတယ် ။

" ရေချိုးပြီး အောက်ဆင်းလာမလား စီနီယာ ၊ မနက်စာပြင်ပေးထားမယ် "

အခန်းအခြေအနေကို ဖျက်ခနဲ ကြည့်လိုက်မိတော့ ဂျီဆူး မနေ့ညက စာရေးခုံပေါ် ပစ်တင်ထားတဲ့ အဝတ်အစားတွေတောင် လျှော်ရမယ့် အဝတ်ခြင်းထဲ ရောက်နေပြီ ။

" ဒိတ်လုပ်ကြမယ်လေ ၊ အန်တီ့ကို ပြောပြီးပြီ "
" သွားကြမယ် မဟုတ်လား စီနီယာ "

ဒိတ်လုပ်မယ်ဆိုတဲ့ စကားက ဂျီဆူး ထားခဲ့ဖူးသမျှ ရည်းစားတိုင်းပြောဖူးတဲ့ စကားပါ ။ စိတ်မပါလို့ဆိုပြီး ငြင်းခဲ့တာတွေက များပါတယ် ။ ဒါပေမယ့် အခုတစ်ခါကိုတော့ ဂျီဆူးမှာ အသည်းအသန်နဲ့ကို ရင်တွေ ခုန်လာရတယ် ။ ငြင်းဆန်ပိုင်ခွင့်မရှိဘူး ။ ရှိနေလည်း ငြင်းမှာ မဟုတ်ဘူးလေ ။ သိသာနေတာပဲ မဟုတ်လား ။

ဂျီဆူး ဘာလို့ အခုထိ စကားတစ်ခွန်းမှ မဟနိုင်ရသလဲဆို ဆောင်းတွင်းမနက်မှာတောင် ရာသီဥတုကို ဆန့်ကျင်ပြီး နွေးထွေးနေတဲ့ ဂျီဆူးရဲ့ အခန်းပတ်ဝန်းကျင်ကြောင့်ပါပဲ ။ ဆောင်းခို ဝက်ဝံလေးတစ်ကောင်လိုမျိုး နွေးနွေးထွေးထွေး ရှိလွန်းတဲ့ အကြည့်တွေနဲ့ ငြင်ငြင်သာသာ တောင်းဆိုစကားသံတွေကနေ ရုန်းမထွက်နိုင်လောက်တော့ဘူး ထင်ပါရဲ့ ။

Moon And BackWhere stories live. Discover now