" ဂျီဆူး နင်ကိုင်ထားတဲ့ စာအုပ်က ပြောင်းပြန်ကြီး "
လီဆာက သတိတစ်ချက်ပေးပြီး သူ့စာသူ ပြန်အာရုံစိုက်သွားတယ် ။ သက်ပြင်းကို မသိမသာချပြီး စာအုပ်ကို ပြောင်းပြန်လှန်လိုက်ရတယ် ။ ချယ်ယောင်းကတော့ ဘောပင်ကို လှည့်နေရင်းက ဂျီဆူးကို စူးစမ်းတဲ့အကြည့်တွေနဲ့ ကြည့်လာတယ် ။
" နောက်နှစ်ဆို နောက်ဆုံးနှစ်နော် ဂျီဆူး ၊ နင် စိတ်တွေ လွင့်နေတာ များပြီ "
မီယွန်းက စာမလုပ်သလိုနေပေမယ့် စာတကယ်တော်တဲ့လူပဲ ။ အဲ့လိုပြောလို့ စာခိုးလုပ်တာတော့ မဟုတ်ဘူး ။ သူက မှတ်ဉာဏ်ကို ကောင်းတာ ။
" ဆောင်းဦး ကုန်တော့မယ် သူငယ်ချင်းတို့ ၊ နွေးနွေးထွေးထွေးနေကြ "
ချယ်ယောင်းက ကုတ်အင်္ကျီကို လက်နဲ့ ပုတ်ပြပြီး ပြောတယ် ။ ဆောင်းဦးထက် ပိုအေးတဲ့ရာသီကို ရောက်တော့မှာပေမယ့် ဒီဇင်ဘာလမှာတောင် အအေးဓာတ်က ကဲနေပြီ ။ ဇန်နဝါရီလကိုတော့ ကံကောင်းထောက်မစွာနဲ့ အိပ်ရာထဲ ကွေးနေခွင့်ရတော့မှာပဲ ။
" အဖြေရတဲ့လူ လက်ထောင် "
သုံးယောက်လုံးက လက်ကလေးတွေ မြောက်ပြီး ဂျီဆူးကို ကြည့်နေကြတယ် ။ ဂျီဆူးမှာလည်း အကြောင်သားလေး ။
" ဟင် ဘာအဖြေလဲ "
" ဂျီဆူး ၊ ဒီမှာ immersed weight ကို ရှာခိုင်းတဲ့ ပုစ္တာတွက်နေကြတာလေ "
" ကင်မ်ဂျီဆူး ! နင့်ရဲ့ စောက်ကျိုးနည်း လွင့်နေတဲ့ စိတ်တွေကို ခဏပဲဖြစ်ဖြစ် စာမေးပွဲအတွက် အာရုံစိုက်စမ်းပါ ! "
" လီဆာ "
လီဆာက ခုံကနေ ဝုန်းခနဲ ထရပ်ပြီး အော်လိုက်တာကြောင့် စာကြည့်တိုက်ထဲက ကျောင်းသားတွေရဲ့ အကြည့်တွေက ဂျီဆူးတို့ဝိုင်းဆီရောက်လာကြတယ် ။
မီယွန်းနဲ့ ချယ်ယောင်းရဲ့ ကျေးဇူးကြောင့် လီဆာက နေရာမှာ ပြန်ထိုင်လိုက်ပေမယ့် ဒေါသ ပြေသွားတဲ့ ပုံတော့ မပေါ်သေး ။" ငါ တောင်းပန်ပါတယ် "
လီဆာက တစ်ချက်ပဲ ကြည့်ပြီး နောက်တစ်ပုဒ်ဆက်တွက်ဖို့ ပြောတယ် ။ ဂျီဆူး ကျွမ်းကျင်လှပါတယ်ဆိုတဲ့ ရူပဗေဒရဲ့ ဖော်မြူလာတွေကိုလည်း မနည်းပြန်မှတ်နေရတဲ့ အခြေအနေပဲ ။