#Unicode
"ခါ ရောက်နေတာ ကြာပြီလား"
"အင်း နည်းနည်းကြာပြီ"
ခါက ကျွန်တော့်ကို စကားပြန်ပြောနေတယ်။ ဒါ အိပ်မက်ပဲ။
"Sorry ခါ။ မောင် နည်းနည်းနောက်ကျသွားတယ်။ ခါဗိုက်ဆာနေပြီလား"
"အင်း နည်းနည်း"
"စားနှင့်ရောပေါ့ခါရယ်။ မောင့်ကို အဆာခံပြီး စောင့်နေရသလားကွာ"
"မင်းနဲ့အတူစားချင်လို့လေ"
"အင်းပါ ခါဘာစားချင်လဲ"
"ရတယ် ကိုယ်အကုန်စားတယ်"
"အင်း"
စားပွဲထိုးလေးကို လှမ်းခေါ်ပြီး ခါ့အတွက် တို့ဖူးနွေးနဲ့ ဧဒင့်အတွက် ထမင်းဆီစမ်းနဲ့ကြက်ဥHalfတစ်ပွဲမှာလိုက်တယ်။
"ခါကြိုက်တဲ့တို့ဖူးနွေးပဲ မောင်မှာလိုက်တယ်နော်။ ခါ လက်ဖက်ရည်သောက်ဦးမလား"
"တော်ပြီ။ ကိုယ်ဒီနေ့ လက်ဖက်ရည်မသောက်တော့ဘူး။ ဒါနဲ့ မင်းဘာလို့နောက်ကျနေတာလဲ ဧဒင်"
"ဖွားကို ဘုရားလိုက်ပို့ပေးနေတာခါ။ ဒီနေ့က ကိုယ်မမြင်ဘူးလိုက်တဲ့ ကိုယ့်ဖိုးဖိုးဆုံးတဲ့နေ့ဆိုပါတော့"
"ဪ စိတ်မကောင်းပါဘူးဧဒင် ကိုယ်အလိုက်မသိမေးလိုက်မိတယ်"
"မဟုတ်တာခါရဲ့။ ကိုယ်စိတ်မကောင်းဖြစ်မနေပါဘူး။ ကိုယ်လည်း မမြင်ဖူးလိုက်ဘူးလေ"
"ဖွားကတော့ ဝမ်းနည်းပြီး လွမ်းနေမယ်ထင်တယ်"
"အင်း လွမ်းနေမှာ သေချာတယ်။ ခါရော"
"ဘာကိုလဲ"
"မောင့်ကို လွမ်းနေမှာလား"
"မင်းကကိုယ့်အနားမှာ အမြဲရှိနေမပေးဘူးလား"
"ဖိုးဖိုးလို ထွက်သွားတဲ့အခါလေ"
"မပြောကောင်းဘူးဧဒင်။ ကိုယ်မကြိုက်ဘူး"
"တစ်ချိန်ချိန်တော့ ထွက်သွားရမှာလေခါရဲ့။ ကိုယ်အရင်ထွက်သွား. . ."
ဧဒင့်နှုတ်ခမ်းလေးကို ခါ့လက်ချောင်းလေးတွေက ထိတွေ့လာတယ်။
"ဆက်မပြောပါနဲ့ ဧဒင်။ မင်းမရှိတဲ့နေ့ရက်တွေကို ကိုယ်ကြိုမတွေးဘူး။ မင်းအနားမှာပဲ အမြဲရှိချင်လို့"
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။