#Unicode
မပိုင်ဆိုင်ရတဲ့ ချစ်ခြင်းမေတ္တာကို တပ်မက်တဲ့အရာက နာကျင်မှုကို ဖြစ်စေတယ်တဲ့။ ကျွန်တော်က နာကျင်ခံပြီး ချစ်ရတာကို သဘောကျနေတာမျိုးမဟုတ်ပေမယ့် နာကျင်ရလည်း ချစ်မယ်ဆိုတဲ့ လူစားမျိုးတော့ ဖြစ်နေခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ ပေးတတ်ရင် မြတ်ပြီး မယူတတ်ရင် ရှုံးပါတယ်။
ချစ်ခြင်းမေတ္တာဟာ ပေါပေါလောလောတော့ မဟုတ်ဘူး။ ချစ်ရသူနဲ့တွေ့မှ ပေါပေါများများဖြစ်လာတဲ့အရာမျိုးပါ။ တစ်ခါလောက်တော့ ကျွန်တော်လည်း ပေါပေါများများ အချစ်ခံကြည့်ဖူးချင်တယ်။
ကျောင်းဝင်းထဲကို ဝင်လာတဲ့လမ်းမှာ ဧဒင့်အရှေ့ကနေ ဖိနပ်ကိုလက်ကကိုင်ပြီး ခြေဗလာနဲ့ လမ်းလျှောက်နေတဲ့ ကောင်မလေးကို နောက်ကနေမြင်နေရတယ်။ ခါးထိရှည်တဲ့ဆံနွယ်တွေကို ဖြန့်ချထားပြီး အနောက်ကကြည့်ရတဲ့အလှက ပြီးပြည့်စုံနေတာမျိုး။ ပုရိသတွေအတွက် ရင်ခုန်စရာအလှဆိုပေမယ့် ဧဒင့်အတွက်တော့မဟုတ်ပေ။ ဧဒင့်အတွက်တော့ ခါ့ရဲ့ တည်ကြည်ခန့်ညားတဲ့ သွင်ပြင်ကမှ ရင်ခုန်စရာ ကောင်းနေတာမျိုးပါ။
"ဒီမှာ"
ဧဒင်လှမ်းခေါ်လိုက်တော့ အရှေ့ကကောင်မလေးက ဆံပင်တွေဝဲခါသွားတဲ့အထိ ချာခနဲလှည့်ကြည့်လာတယ်။ ဧဒင့်ဖိနပ်ကိုချွတ်ပြီး ကောင်မလေးရဲ့ ခြေဖဝါးနားကို ချပေးလိုက်တော့ အားနာတဲ့မျက်ဝန်းတွေနဲ့ ဧဒင့်ကို ငေးကြည့်လာတယ်။
"အခန်းထဲအထိဆို ခြေဖဝါးတွေနာနေလိမ့်မယ်။ လမ်းမှာ ကျောက်စရစ်ခဲတွေ များတယ်လေ"
"ဟို ရပါတယ်။ နွေယွန်း အဆင်ပြေပါတယ်"
"ကျွန်တော်အဆင်မပြေလို့ပါ"
"ရှင်"
"ကျွန်တော်မြင်ရတာ အဆင်မပြေလို့ပါလို့ပြောတာ"
"ဟုတ် အဲ့တာဆို အားနာနာနဲ့ပဲ စီးသွားပါရစေ။ Tutorial ရှိတာမို့ နွေယွန်း အလျင်လိုနေလို့ပါနော်"
"ဟုတ် ရပါတယ်။ သွားပါ"
"ဒီဖိနပ်လေးပြန်ပေးဖို့ ဘယ်ကို လာပေးရမလဲရှင့်။ နွေယွန်း Tutorial ဖြေပြီးတာနဲ့ ပြန်ပေးပါ့မယ်"
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။