#Unicode
"ချစ်နှင်းငယ် . . ဟေး ချစ် နှင်း ငယ် ခေါ်နေတာ မကြားဘူးလား"
"ကြားတယ်ကိုမောင်။ သမီးစာကျက်နေလို့ တိုးတိုးတိတ်တိတ်ပြောပေးလို့မရဘူးလား"
"ငါထမင်းစားမယ်"
"ကျမပြင်ပေးထားတယ်"
"ငါ ထမင်းဟင်းတွေအေးနေရင် မစားတတ်တာကို နင်မသိဘူးလား"
"ကျမ ခုလေးတင် နွှေးပေးထားတာပါ ကိုမောင်ရယ်။ စားကြည့်ပါဦး အားလုံးက ပူပူနွေနွေလေးပါ"
ဖေဖေနဲ့မေမေပြောနေတဲ့စကားတွေကို ကြားနေရတာ ခါလွန့်အတွက် အဆင်မပြေပေ။
"ဒီဟင်းတွေ ငါမကြိုက်ဘူး ချစ်နှင်းငယ်။ ငါမင်းကိုပေးထားတဲ့ ပိုက်ဆံနဲ့ ဒီထက်မက ချက်ပေးလို့ရပါတယ်ကွ"
"ဒီဟင်းတွေလည်း မကောင်းမကန်းတွေမဟုတ်ပါဘူးကိုမောင်ရယ်။ ရှင်ကြိုက်တတ်တာတွေပဲ ချက်တာပါ"
"ဟာကွာ မကြိုက်ဘူးလို့ တောက်"
"ခွမ်း"
တောက်ခေါက်သံနဲ့အတူ ပန်းကန်တွေ ပစ်ပေါက်ခွဲသံကို ကြားလိုက်ရတာမို့ ခါလွန့်စိတ်တွေ လွင့်စင်စပြုလာတယ်။
"ကိုမောင် ရှင်ဘယ်လို ဖြစ်နေလဲ"
"ငါမစားချင်တာတွေ ချက်ကျွေးနေမယ့်အစား ငါ့ကို ကွာရှင်းပေးလိုက်ပါ့လား ချစ်နှင်းငယ်ရယ်"
ဪ . . . နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်လာပြန်ပြီလားကိုမောင်။ ကျမတို့ မိဘပေးစားလို့ ယူခဲ့ကြတာမဟုတ်ဘူးလေ။ ရှင်ကိုယ်တိုင် ကျမကို မြတ်မြတ်နိုးနိုး ချစ်လှပါချည်ရဲ့ဆိုပြီး အဆုံးရှုံးမခံနိုင်လို့ ခိုးပြေးခဲ့တာလေ။ တစ်ချိန်က ခေါ်ခဲ့ဖူးတဲ့ ချစ်ငယ်ဆိုတာ ဘယ်ကိုရောက်သွားခဲ့သလဲ။ ချစ်ငယ်ဆိုတဲ့ ချစ်ခြင်းတရားတွေပျောက်လို့ ချစ်နှင်းငယ်ဆိုတဲ့ မိဘပေးတဲ့နာမည်က ရှင်ကျန်ရစ်နေပါရောလား ကိုမောင်။
"ကျွန်မသေသွားရင် ရှင်လွတ်လပ်ပါပြီကိုမောင်"
"ဟာကွာ"
"အား"
စောင့်တွန်းခံလိုက်ရတာမို့ လူက နည်းနည်းလေးလွင့်စင်ပြီး အကျနာသွားရတယ်။ သားနဲ့သမီးကို မကြားစေချင်ပေမယ့် အထိန်တလန့် အာမေဋိတ်သံကတော့ ထွက်သွားခဲ့ပါပြီ။ သားလည်း အခန်းထဲက ပြေးထွက်လို့ လာနေပါပြီ။
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။