#Unicode
အရက်သောက်ရတာကို ဘာလို့ကြိုက်လဲမေးရင် မူးရတာကို နှစ်သက်လို့လို့ ဖြေမိပါလိမ့်မယ်။ ပထမနှစ်မှာ အရက်စသောက်တတ်ခဲ့ဖူးတဲ့ ခါလွန့်အတွက်တော့ ရထာနဲ့စိုပြေက သင်ဆရာဖြစ်ခဲ့တယ်။ လုပ်ဖူးတယ်ရှိအောင် လုပ်ကြည့်ပါတဲ့။ မကြိုက်ရင် နောက်မလုပ်တော့ဘဲ နေလို့ရတယ်တဲ့။ ဒါပေမဲ့ အရသာတော့ သိသွားတာပေါ့တဲ့လေ။
အဲ့လိုအပြောတွေကြောင့် သောက်ကြည့်ဖြစ်သွားတယ်။ ပထမဆုံးသောက်ခါစကတော့ မကြိုက်ဘူး။ အရသာကို မကြိုက်တာထက် မူးရတာကို မကြိုက်ခဲ့တာပါ။ ပထမနှစ် ပထမဦးဆုံးအကြိမ် သောက်ဖူးပြီးကတည်းက မသောက်ဖြစ်ခဲ့တာ ဒုတိယနှစ်ဝက်ထိဆိုပါတော့။ ဒုတိယနှစ်ဝက်လောက်မှ မေမေ့ကို ကိုယ်ထိလက်ရောက် နှိပ်စက်လာတဲ့ ဖေဖေ့ကြောင့် စိတ်ညစ်နေခဲ့လို့ အိမ်မပြန်ဘဲ လေလွင့်နေခဲ့တဲ့အချိန်က ညနေဘက်မှာ ဖေဖေ့ကို တခြားမိန်းမတစ်ယောက်နဲ့ တွဲမြင်ခဲ့ရတယ်။
အဲ့ဒီနေ့က ဘဝမှာ ပထမဆုံးအကြိမ် ရှက်ရွံစိတ်နဲ့ ငိုဖြစ်ခဲ့တာပါပဲ။ ငိုနေတဲ့ကိုယ့်ကို ဆွဲငင်ခဲ့တာက အရက်ဆိုင်။ စိတ်ညစ်မှုတွေ ခဏတာမေ့ဖို့ သောက်ကြည့်တဲ့အခါ မေ့တော့မသွားပေမယ့် စိတ်လွတ်ကိုယ်လွတ်တော့ ဖြစ်သွားတယ်။ ဘာကိုမှ မငဲ့ရတဲ့ စိတ်လွတ်မှုကို ကြိုက်တယ်။ အဲ့ဒီနေ့ကတည်းက ဒီနေ့အထိ စိတ်ညစ်တိုင်းမူးသလို အားတိုင်းလည်းမူးခဲ့တယ်။ သူငယ်ချင်းတွေ ပေးထားတဲ့ နာမည်ပြောင်က အားတိုင်းမူးတဲ့။
သောက်ချင်တဲ့အရက်ကို ရွေးချယ်နေတုန်းမှာ မြင်လိုက်ရတဲ့ မြင်ကွင်းကလှတယ်။ ခပ်ချောချောကောင်တစ်ကောင်ရဲ့ လက်ကိုချိတ်ပြီး ဘားထဲကို ဝင်လာတဲ့ ကိုယ့်ရဲ့ကျူးလစ်။ အပြုံးတွေ တောက်ပလို့။ ကိုယ့်ကိုမမြင်နိုင်လောက်တဲ့အထိ ပြုံးနေခဲ့တယ်။ ကိုယ့်ရှေ့တည့်တည့်ကို ရောက်လာတဲ့အခါ ကိုယ်က ခုံပေါ်လက်ထောက်လို့ အပြုံးလေးနဲ့ပဲ သူ့ကို ငေးကြည့်နေလိုက်ပါတယ်။ သူကိုယ့်ကို မမြင်သေးပေမယ့် မြင်မှာတော့ သေချာနေပြီလေ။
"သဲ ဘာသောက်မလဲ"
ဪ . . . သဲတဲ့လား။
"Pink Lady မှာပေးကို"
![](https://img.wattpad.com/cover/355366082-288-k341995.jpg)
YOU ARE READING
ဧဒင်မှာရွာတဲ့ အခါလွန်မိုး
Fantasyအကယ်၍ သူနဲ့ကျွန်တာ် ချစ်ခဲ့ကြလျှင် သူစီးနေကြ ဖိနပ်တစ်ရံလို သူ့ရဲ့ခြေလှမ်းတိုင်းကို ခလုတ်မထိ ဆူးမငြိလေအောင် တစ်သက်လုံးကာကွယ်ပေးသွားမှာပါ။ ကျွန်တာ့်ရဲ့ ဖြစ်တည်မှုဟာ သူတစ်ဦးတည်းအတွက်သာ ဖြစ်စေရပါ့မယ်။