Part 2 (U+Z)

120 16 11
                                    

#Unicode

"ခါလွန်"

"ပြော"

"‌ဟိုမှာ မင်းစော်လေး"

ဟန်ကြီးစကားကြောင့် လှည့်ကြည့်လိုက်တော့ ခါလွန်တို့ဝိုင်းကို မေးထောက်ပြီး လှမ်းကြည့်နေတဲ့ ရှပ်အင်္ကျီအဖြူရောင်နဲ့ ဧဒင်ဦးကို တွေ့လိုက်ရတယ်။

"နေပါကွာ"

"ဘာကိုနေရမှာ"

"ဒီတိုင်း လွှတ်ထားလိုက်စမ်းပါဟန်ကြီးရာ"

"ဟ ငါ့ရှေ့တည့်တည့်ရောက်လာတာကိုးကွ။ ပြောသာပြောရတာ အဲ့လောက်အသည်းအသန် လိုက်ချစ်နေတာ မိန်းကလေးသာဆို မင်းရှယ်ပလန်ပဲခါလွန်"

"တော်ပါ"

"မင်းစိတ်မအိုက်ဘူးလား"

"ဘာကိုအိုက်ရမှာ"

"အဲ့လို မင်းရှိရာအရပ် မျက်နှာမူနေတဲ့ကောင်က တောက်တဲ့လို ကပ်နေတာကိုလေ"

"ငါခေါင်းထဲထည့်မထားဘူးလေ။ အဲ့တော့ အိုက်စရာ အကြောင်းမရှိဘူးပေါ့"

ခါလွန်နဲ့ဟန်ကြီး စကားပြောနေတုန်းမှာ ဧဒင့်အနားကို ကောင်မလေးချောချောလေးတစ်ယောက် ရောက်လာတယ်။ သူက ခါလွန့်ရဲ့ တစ်ပွင့်တည်းသောပန်း ကျူးလစ်။

"ဟ ခါလွန်။ မင်းကောင်မလေးက ဧဒင်ဦးကို ဘာသွားပြောနေတာလဲ"

"ရှစ်! စောက်ပြဿနာပဲကွာ"

ဧဒင်ဦးကို ဘာတွေသွားပြောနေမှန်းမသိပေမယ့် စောက်ပြဿနာရှာတော့မယ်မှန်းကို ခါလွန့်စိတ်က အလိုလိုသိနေတယ်။

"ဧဒင်ဦး"

"ဆို"

"ငါ့ကို နင်သိတယ်မဟုတ်လား"

"ဆိုပါတော့"

"သိနေတယ်ဆိုရင် ကျေးဇူးပြုပြီး ခါလွန့်အနားမှာ တောက်တဲ့လို ကပ်မနေပါနဲ့လား"

"ငါလည်း ဘာမှမလုပ်ရပါ့လား"

"ဘာမှမလုပ်ပေမယ့် ခါလွန်နဲ့အနီးတစ်ဝိုက်မှာ နင်ရှိနေတာက ငါတို့အတွက် အဆင်ပြေမနေဘူးလေ"

"ဒါကတော့ နင်တို့အကြောင်း"

"နင်ရှိနေတာ ငါတို့နှစ်ယောက်အတွက် စိတ်မလုံခြုံသလို မလွတ်လပ်ဘူးလို့ ခံစားရတယ်"

ဧဒင်မှာရွာတဲ့ အခါလွန်မိုးWhere stories live. Discover now